
ငါးရာ့ငါးဆယ် သိမှတ်ဖွယ်
စာရေးသူ - ဦးအေးချို (မဟာဝိဇ္ဇာ)
အကျဉ်းချုပ်
ဤစာအုပ်သည် ဗုဒ္ဓစာပေတွင် ထင်ရှားပြီး လူသိများသော ငါးရာ့ငါးဆယ်ဇာတ် တော်များနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်၊ မှတ်သားဖွယ်ရာများကို လေ့လာသုံးသပ် တင်ပြထားသော စာအုပ်ဖြစ်သည်။ ငါးရာ့ငါးဆယ်ဇာတ်တော်များသည် ဗုဒ္ဓ၏နုစဉ်ဘဝများက ဖြစ်တော်ပေါင်းများ ဖြစ်ပြီး ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အဖို့ ငယ်စဉ်ကတည်းကပင် နီးစပ် နာကြားဖူး ကြသည်များ ဖြစ်သည်။ အထူးသဖြင့် ဇာတ်ကြီးဆယ်ဘွဲ့ဆိုလျှင် မြန်မာလူမျိုးတိုင်း မသိသူမရှိ ထင်ရှားသည်။ ငါးရာ့ငါးဆယ်ဇာတ်တော်များသည် ပိဋကတ်သုံးပုံ သုတ္တပိဋကတ် ခုဒ္ဒက နိကာယ်တွင် ပါဝင်ကာ မြန်မာနိုင်ငံသို့ ဗုဒ္ဓစာပေများနှင့်အတူ ရောက်လာပြီး ခေတ် အလျောက် ပျံ့နှံ့လာပုံ၊ ငါးရာ့ငါးဆယ် မြန်မာပြန်များ ပေါ်ထွက်လာပုံ၊ ဇာတ်တော် အကျယ်နှင့် ဇာတ်တော်အကျဉ်းများ ပေါ်ထွက်လာပုံတို့ကို ဖော်ပြထားသည်။ ထို့ပြင် ဇာတ်တော်များတွင်ပါဝင်သော အကြောင်းအရာများကို ဇာတ်တော်များ အမည်ပေးပုံ၊ ဇာတ်ဝတ္ထုများ ဖွဲ့စည်းပုံ၊ ဇာတ်တော်များပါ ဘုရားလောင်း၏ ဘဝမျိုး စုံနှင့် ဗျာဒိတ်တော်လာ ၂၄ ဘဝတို့ကို အသေးစိတ် ဖော်ပြပါထားသည်။
စာမျက်နှာ
240
ပုံစံ
Paperback
ထုတ်ဝေသူ
Myanmar Heritage
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
21.5 × 14.2 cm
ISBN
978-9-998-65133-3
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး