
အနာဂတဝင်ကျမ်း
စာရေးသူ - ဒီပဲယင်းဆရာတော် သိရိသဒ္ဓမ္မာဘိလင်္ကာရထေရ်အရှင်
အကျဉ်းချုပ်
အနာဂတဝင်ကျမ်း အနာဂတဝံသ (ပါဠိ)မှ အနာဂတဝင် ဟူသော မြန်မာဝေါဟာရ ဖြစ်ပေါ်လာပါသည်။ ယင်းအနာဂတဝင်သည် ၁။ အနာဂတဝင် ကျမ်း၊ ၂။ အနာဂတဝင်ဝတ္ထု ဟု အမည်(၂)မျိုး ဖြစ်နေသော်လည်း ကျမ်းစာရေးသားပုံ အစီအစဉ်မှာ တစ်မျိုးတည်းဖြစ်ပါသည်။ ကျမ်းပြုပုဂ္ဂိုလ်တစ်ဦးတည်း ရေးသားပြုစုထားသော စာမူဖြစ်ပါ သည်။ ယင်းစာမူသည် အနာဂတဝံသပါဠိ, အဋ္ဌကထာကို အကျဉ်းချုံး၍ ရေးသားထားပါသည်။ ဤဘဒ္ဒကမ္ဘာ၌“သံ, ဂုမ်, ပ, မ”ဟူသော ကကုသန္ဓဘုရားရှင် ကောဏာဂမနဘုရားရှင်,ကဿပဘုရားရှင်,ဂေါတမဘုရားရှင်တို့ ပွင့်တော်မူကြပြီးဖြစ်၍ အရိမေတ္တေယျဘုရားရှင် တစ်ဆူတည်းသာ ပွင့်တော်မူလတ္တံ့ဖြစ်ပါသည်။ ထိုအရိမေတ္တေယျဘုရားရှင် ပွင့်တော် မူမည့်အချိန်, ပွင့်(ဘုရားဖြစ်)တော်မူပုံ နှင့် အရိမေတ္တေယျ ဘုရားရှင်၏ နောက်၌ ပွင့်တော်မူလတ္တံ့ ဘုရားရှင် (၁ဝ)ဆူတို့ အကြောင်းကို ပြဆိုထားသည့် ကျမ်းစာဖြစ်ပါသည်။ ရှေ့ပိုင်း၌ ဂေါတမဘုရားရှင်၏ သာသနာတော်ကွယ်ပတော်မူပုံကိုလည်း ပြဆိုထားပါသည်။
စာမျက်နှာ
42
ပုံစံ
Paperback
ထုတ်ဝေသူ
ဓမ္မဗျူ ဟာ
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
6th Edition
စာအုပ်အရွယ်အစား
17.7 × 13 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး