
ကိုယ်တိုင်ရေး အနုပညာရုပ်ပုံလွှာ
စာရေးသူ - ပန်းချီတင်လှဝင်းထင် (အကိုလေး)
အကျဉ်းချုပ်
ရိုးရာပန်းချီ၊ ရိုးရာယဉ်ကျေးမှု အနှစ်သာရများ တစ်လုံးတစ်ခဲတည်း ခံစားပျော်ဝင်စုပြီးဆောင်းပြီးရှိသော အစ်ကိုလေးကွယ်လွန်သွားခြင်းသည် မြန်မာ့ ယဉ်ကျေးမှုနယ်ပယ်အတွင်း ဆုံးရှုံးမှုတစ်ခုဟုပြောလျှင် လွန်ရာကျမည်မထင်ပါ။ မေ့မရနိုင်သော အကြံပြုချက်များ၊ စေတနာ မေတ္တာများကို နှောင်းလူတို့အတွက် ထားရစ်ခဲ့လေပြီ။ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ ပန်းချီနှင့်ပတ်သက်သော အနှစ်အနည်ကျ သိပ်သည်းဆများ၊ မည်သူ့ကိုမဆို သွန်သင်လမ်းညွှန်မှုအားလုံးကို စုပေါင်းထုတ်ဝေ မည်ဆိုပါက စွယ်စုံကျမ်းတစ်အုပ်စာခန့် ရှိပေမည် မုချ။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ဂုဏ်အင်္ဂါရပ်များဖြင့် ဆီလျော်ညီညွတ်မှုရှိပေသော အစ်ကိုလေးအား ဤအမှာစာမျှသာ ကန်တော့ပန်းဆင်ခွင့်ရရုံရှိတော့မည်ဖြစ်သော်လည်း သူ့လို အရေးအသားမျိုးကို စုစည်း၍ စာတစ်အုပ်ဖြစ်စေမည့် စိတ်ကူးချိုချိုစာအုပ်တိုက်အား ကွယ်လွန်သူပန်းချီ တင်လှဝင်းထင်ကိုယ်စား သူ့အနုပညာချစ်သူများက ကျေးဇူး အထူးတင်နေတော့မည်သာ။ မအိ
စာမျက်နှာ
397
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2022
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 14.8 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
Art
အမျိုးအစားခွဲများ
သုတ