
မြန်သာသနာလင်္ကာရစာတမ်း
စာရေးသူ - မဟာဓမ္မသင်္ကြံ
အကျဉ်းချုပ်
မြန်မာပြည်အတွက်မှာမူ ရာဇဝင်၊ သမိုင်း၊ မော်ကွန်း၊ သံပိုင်း၊ ဧချင်း၊ ကျောက်စာ စသည်တို့၌သာ တစ်ပိုင်းတစ်စ အစီအစဉ်မရှိ အရောရော အထွေးထွေး လာရှိရကား ကြည့်ရှု လိုသူတို့ ရှာဖွေရန် မလွယ်ကူလှချေ။ ထို့ကြောင့် မြန်မာပြည်၌ သာသနာ သက်ဆင်းပုံ၊ တည်ထွန်းပုံနှင့်တကွ ဆရာအစဉ်အဆက်ကို ရွဲလုံးများကို သီကုံးထားသကဲ့သို့ စီကာစဉ်ကာ သိရှိတော်မူလိုသော ရတနာပုရ စတုတ္ထ မြို့တည် နန်းတည် ဘဝရှင် မင်းတရားကြီးသည် အတွင်းဝန် ဆောမြို့စား မင်းကြီး သိရီမဟာနန္ဒသင်္ကြံမှတစ်ဆင့် တိုက်တွန်းအပ်သည်ဖြစ်၍ မင်း တိုင်ပင် အမတ်ကြီး မဟာဓမ္မသင်္ကြံသည် အထူးထူးသော ပိဋကကျမ်း တို့နှင့် ညှိနှိုင်း တိုက်ဆိုင်လျက် အစောင်စောင်သော ရာဇဝင်၊ သမိုင်း၊ မော်ကွန်း၊ သံပိုင်း၊ ဧချင်း၊ ကျောက်စာတို့မှ ထုတ်နုတ်ကာ မြန်မာ့ သာသနာဝင် ခေါ် ဤသာသနာလင်္ကာရ စာတမ်းကို ရေးသားတင်သွင်း ဆက်သအပ်သည် ဖြစ်ပါကြောင်း။
စာမျက်နှာ
250
ပုံစံ
Paperback
ထုတ်ဝေသူ
ရာပြည့်စာပေ
ထုတ်ဝေသည့်နှစ်
2009
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
21.5 × 14 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး