
သမိုင်းကြေးမုံ
စာရေးသူ - မြသန်းတင့်
အကျဉ်းချုပ်
ဂျေရုစလင်မြို့ကို အပ်ခြင်းမှာ မိမိတို့အား ထောင်ဖမ်းရန် ပရိယာယ်ဆင်ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ဂျေရုစလင်ကို ရရုံမျှဖြင့် မကျေနပ်ဘဲ အီဂျစ်တစ်ပြည်လုံးကို သိမ်းရမည် ဖြစ်ကြောင်း ပြောကာ ကရူးဆိတ် တပ်များသည် ကိုင်ရိုမြို့ကို သိမ်းရန် တောင်ဘက်သို့ ဆင်းလာခဲ့ကြသည်။ ဤသည်မှာ ကရူးဆိတ် စစ်သည်တို့၏ အမှား ဖြစ်သည်။ ကရူးဆိတ် စစ်သည်များသည် ကိုင်ရိုကို ဝင်တိုက်သည့်အခါတွင် အီဂျစ်တို့ဘက်မှ စစ်ကူ များ ရောက်လာပြီး သူတို့ကို ညှပ်တိုက်သဖြင့် မရှုမလှ ဆုတ်ခွာခဲ့ကြရသည်။ ဂျေရုစလင်ကို သိမ်းပိုက်ထားသည့် မူဆလင်များက ခရစ်တော်၏ ကားတိုင် အစစ်ကို ရှာတွေ့လျှင် ယူပါဟု ဆိုကြသည်။ ကရူးဆိတ် စစ်သည်များသည် ဂျေရုစလင်တွင် ခရစ်တော်၏ ကားတိုင် အစစ်ကို လိုက်ရှာကြသည်။ သို့ရာတွင် မတွေ့တော့။ ဤသို့ဖြင့် ငါးကြိမ်မြောက် ကရူးဆိတ် စစ်ပွဲကို တိုက်ခဲ့သည့် နိုင်ငံ ပေါင်းစုံ တပ်များသည် အရေးနိမ့်ခဲ့ကြရသည်။ ပင်လယ်ကွေ့တွင် ဖြစ်ပွားလျက်ရှိသည့် လက်ရှိ ပဋိပက္ခကို သုံးသပ်နိုင်ရန် အတိတ်က ရှိခဲ့သည့် သမိုင်း၏ မှန်ကြေးမုံ တစ်ချပ်ဟု ဆိုနိုင်သည်။
စာမျက်နှာ
340
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2020
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
21 × 13.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
ကမ္ဘာ့သမိုင်း