
သဘာဝစာစဉ် (၁)
စာရေးသူ - တင်စိန် (ပထဝီ)
အကျဉ်းချုပ်
ဒီစာအုပ်ဟာ သဘာဝလောကကြီးနဲ့ သက်ရှိသတ္တဝါတွေအကြောင်းကို အနီးကပ်မြင်ကွင်းနဲ့ အထူးအံ့ဩဖို့ကောင်းလောက်အောင် အသေးစိတ်ဖော်ပြထားပြီး ဓာတ်ပုံတွေကလည်း အထင်ကြီးသဘောကျလောက်စရာ အနီးကပ်ပေါ်လွင်အောင် ပညာစွမ်းပြရိုက်ကူးထားတဲ့ ဓာတ်ပုံပညာရှင်ကြီးတွေရဲ့ လက်ရာတွေဖြစ်တယ်။ အကြောင်းရပ်တွေက စုံလှတယ်။ ဥပမာဆိုရင် သစ်သီးတွေကနေ ပန်းအမျိုးမျိုး၊ ကမာခွံကနေ ငါးမန်းအထိ၊ ပုရွက်ဆိတ်ကနေ ဆင်အထိ အကြောင်းရပ်စုံလှတဲ့အပြင် မွေးကင်းစက မျက်လုံးပြာပြာနဲ့ မြေခွေးကလေးတွေဟာ အကောင်ကြီးလာချိန်မှာ ရွှေရောင်ပြောင်းသွားပုံ၊ တွားသွားသတ္တဝါတွေရဲ့ အကြေးခွံဟာ လူတွေရဲ့ဆံပင်နဲ့ လက်သည်း ခြေသည်းတွေကို ဖန်တီးထားတဲ့ ကေရာတင်ခေါ် ဓာတ်ပစ္စည်းနဲ့အတူတူပဲဆိုတဲ့ ဆန်းကြယ်တဲ့သိကောင်းစရာတွေကို ဖော်ပြထားတယ်။
စာမျက်နှာ
71
ပုံစံ
Paperback
ထုတ်ဝေသူ
ပဉ္စဂံစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2021
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
18.1 × 24.64 cm
ISBN
920-2-375-24731-3
ပစ္စည်းလက်ကျန်
ရရှိနိုင် (50)
အမျိုးအစား
Pyinsagam
အမျိုးအစားခွဲများ
အသက်ဇီဝ၏ အခြေခံ, အဏုဇီဝရုပ်နှင့် မှိုများ