
မြန်မာအဘိဓာန် (ခရီးဆောင်)
စာရေးသူ - ပညာရေးဝန်ကြီးဌာန
အကျဉ်းချုပ်
ပထမအကြိမ် ထုတ်ဝေသူ၏အမှာစာ မြန်မာလိုပြောဆိုရာတွင်ဖြစ်စေ၊ မြန်မာစာရေးသားရာတွင်ဖြစ်စေ မိမိ ဆိုလိုရင်းကို မှန်ကန်တိကျစွာ ထိထိမိမိ ပြောဆိုရေးသားခြင်းဖြင့် ဆက်သွယ်မှုအရာ ရောက်စေသကဲ့သို့ အမျိုးသားစာပေတည်တံ့ခိုင်မာရေးကိုလည်း လက်တွေ့အကျိုးပြုရာ ရောက်ပေသည်။ မြန်မာဝေါဟာရတို့၏ အသံထွက်၊ စာလုံးပေါင်းသတ်ပုံ၊ အနက် အဓိပ္ပာယ်တို့ကို အလွယ်တကူ ရှာဖွေလေ့လာရည်ညွှန်း အသုံးပြုနိုင်စေရန် ရည်သန်၍ ဤအဘိဓာန်ကို ပြုစုခဲ့ပါသည်။ မြန်မာစာအဖွဲ့က ပြုစုထုတ်ဝေပြီးဖြစ်သော မြန်မာအဘိဓာန်များ၊ မြန်မာသဒ္ဒါ၊ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း၊ မြန်မာ- အင်္ဂလိပ် အဘိဓာန်စသည်တို့နှင့် ညှိနှိုင်းတိုက်ဆိုင်ကာ လက်တွေ့အသုံးပြုရာတွင် အများဆုံးအသုံးဝင်မည်ဟု ခန့်မှန်းရသော ဝေါဟာရ တစ်သောင်းရှစ်ထောင်ကျော်ကို ရွေးနုတ်၍ ဤအဘိဓာန်တွင် ထည့်သွင်းထားပါသည်။
စာမျက်နှာ
463
ပုံစံ
Paperback
ထုတ်ဝေသူ
မြန်မာစာဌာန
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
12nd Edition
စာအုပ်အရွယ်အစား
21 × 14.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
အဘိဓာန်