
အတွေးထောင်ချောက် 'ပိုမိုကြည်လင် ပြတ်သားသော ဆုံးဖြတ်ချက်များဆီသို့' THE ART OF THINKING CLEARLY
စာရေးသူ - ဗန်းမော်သိန်းဖေ
အကျဉ်းချုပ်
ဒီစာအုပ်က ဘဝမှာ အမှားတွေ မလုပ်မိအောင် လမ်းညွှန်ပေးတဲ့ စာအုပ်မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတိုင်း အမှားလုပ်တတ်တာ သဘာဝပါ။ လူတွေရဲ့ တွေးခေါ်မှုပုံစံထဲမှာ အမှားလုပ်တတ်တာက အမြစ် တွယ်ပြီးသားပါ။ အမှားကို လုံးဝမလုပ်မိအောင် နေဖို့ဆိုတာ ရဟန္တာတွေမှပဲ လုပ်နိုင်တဲ့ အရာမျိုးဖြစ်ပါတယ်။ အဲဒီလိုနေနိုင်ဖို့ ကြိုးစားဖို့ မလိုပါဘူး။ အမှားလုပ်တာ မှန်သမျှလည်း အဆိုးချည်းပဲ မဟုတ်ပါဘူး။ တချို့အမှား တွေက အဆိပ်အတောက်မဖြစ်သလို ကောင်းမွန်တဲ့ ဘဝတစ်ခုအတွက် လိုအပ်ပါတယ်။ဒီစာအုပ်က ပျော်ရွှင်မှုအတွက် လမ်းညွှန်ပေးမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ကြောင့်ဖြစ်လာတဲ့ မပျော်ရွှင်မှုတွေကနေတော့ ကာကွယ် ပေးနိုင်ပါတယ်။ ဘဝမှာ၊ အလုပ်မှာ၊ အစိုးရနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ တွေးခေါ်မှုဆိုင်ရာ အကြီးမားဆုံးအမှားတွေကို သိပြီး ရှောင်ရှားနိုင်မယ်ဆိုရင် တိုးတက်မှုတွေ အများကြီးရလာမှာပါတဲ့။ နောက်ထပ် အထူးတလည် လိမ္မာ ပါးနပ်နေဖို့၊ အသစ်အဆန်းတွေ ကြံစည်နေဖို့၊ မလိုအပ်တဲ့ ပစ္စည်းတွေနဲ့ အလုပ်ရှုပ်နေဖို့ မလိုပါဘူး။ ဒေးဗစ်ရုပ်တု ထုလုပ်ရာမှာ မလိုအပ်တဲ့ အစိတ်အပိုင်းတွေကို ဖယ်ရှားပစ်သလို မလိုအပ်တဲ့ အမှားတွေကို လျှော့ချ ပစ်လိုက်ရုံနဲ့တင် လုံလောက်တယ်လို့ ပြောချင်ပါတယ်။နောက်ဆုံးအနေနဲ့ ပြောပြချင်တာက သင် ဒီစာအုပ်ကို ဖတ်နေရင်း ကိုယ့်ရဲ့ စဉ်းစားပုံ ပြောင်းလဲလာတာကို သတိပြုမိပါလိမ့်မယ်။ အကောင်း ဘက်သို့ ပြောင်းလဲခြင်းပါ။ နောက်ပြီး အသိအမြင် ပိုပြီးကြွယ်ဝလာတာ ကိုလည်း ကိုယ်ကိုတိုင် တွေ့မြင်လာရပါလိမ့်မယ်။
ဝန်းမော်သိန်းဖေ
စာမျက်နှာ
348
ပုံစံ
Paperback
ထုတ်ဝေသူ
ပဉ္စဂံစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2026
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 12.5 cm
ISBN
9202375253581
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)