
သခင်ကိုယ်တော်မှိုင်း (သို့မဟုတ်) ငြိမ်းချမ်းရေး နှင့် အခြားစာတမ်းများ
စာရေးသူ - ရွှေကိုင်းသား
အကျဉ်းချုပ်
နိုင်ငံတကာမှာလည်း နယ်ချဲ့သမားကြောင့် ပြည်တွင်းစစ်မီးတွေ တဟုန်းဟုန်းတောက်လောင်ပြီး တတိယကမ္ဘာစစ်နှုတ်ခမ်းပေါ် လျှောက်နေ ရတဲ့အချိန်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်နဲ့ပူးပေါင်းပြီး ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ တစ်ထောင့်တစ်နေရာက ဦးဆောင်ပါဝင်ခဲ့ပြန်ပါတယ်။
စာရေးဆရာများနဲ့ ပညာရှင်များ ရည်ညွှန်းကြသလို “တောင်ကြီးနဲ့ ပမာတင်” ရတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိင်းဟာ ‘နီးလေလေ ကြီးမား လေလေ” “အနီးကပ် အကဲခတ်လေလေ ကြီးမြတ်လေလေ” ဖြစ်ပါတယ်။ ယခု ဆရာတော် ရွှေကိုင်းသားကလည်း အနီးကပ် တွေ့ ဆုံကြည်ညိုခဲ့ရသူမို ဆရာကြီးရဲ့ နီးကပ်လေလေ ကြီးမြတ်လေလေ ဖြစ်ပုံကို စာပေနဲ့တစ်ဖုံ၊ နိုင်ငံရေးနဲ့တစ်မျိုး ကိုးကားထောက်ပြထားတဲ့ စာတမ်းများ၊ ဆောင်းပါးများ၊ မိန့်ခွန်းများကို ယခုဒီစာအုပ်မှာ စုပေါင်းထုတ်ဝေထားခြင်းပဲ ဖြစ်ပါတယ်။
“ဆရာမသေခင် ငြိမ်းချမ်းရေးကိုမြင်ချင်တယ်” ဆိုတဲ့ ဆရာကြီးရဲ့ ဆန္ဒကို ပြည့်ဝအောင် မဖြည့်နိုင်ခဲ့သော်လည်း ဆရာကြီးရဲ့ဆန္ဒကတော့ ပြည်သူတိုရဲ့နှလုံးသားမှာ ကိန်းအောင်းနေဆဲပါ။ ဒါ့ကြောင့် ဆရာကြီးရဲ့ ဂုဏ်ကျေးဇူးကို အထူးသိမြင်ပြီး ဆရာကြီးရဲ့ဆန္ဒကို ပြည့်ဝအောင် ဆောင်ရွက်စေချင်တဲ့ဆန္ဒနဲ့ “ဆရာတော် ရွှေကိုင်းသား” ရဲ့ “ဆရာကြီး သခင်ကိုယ်တော်မှိင်း (သိုမဟုတ်) ငြိမ်းချမ်းရေးနှင့် အခြားစာတမ်းများ” စာအုပ်ကို ရိုက်နှိပ်ထုတ်ဝေလိုက်ခြင်းဖြစ်ပါတယ်။
စာမျက်နှာ
148
ပုံစံ
Paperback
ထုတ်ဝေသူ
လူထုကြီးပွားရေးပုံနှိပ်တိုက်
ထုတ်ဝေသည့်နှစ်
2020
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 14 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
နိုင်ငံရေး
အမျိုးအစားခွဲများ
မြန်မာ့သမိုင်း