
ဗစ်ဂိုင်ရှတိုင်းဘက်မှ ချေပေးရန် ဖြစ်လာခြင်းနှင့် ဒဿနပညာရပ်ဆိုင်ရာ အခြားအရေးအသားများ (၁၉ နိုဝင်ဘာ ၂၀၁၅၊ ကမ္ဘာ့ဒဿနိကနေ့ အမှတ်တရ)
စာရေးသူ - မြင့်သန်း
အကျဉ်းချုပ်
ဒဿနိကဗေဒသည် ပညာရပ်တစ်ခု ဖြစ်ပါသည်။ သီးခြားပညာရပ် တစ်ခုဟု ဆိုလိုသော် ဆိုပါ။ သို့ရာတွင် ဒဿနိကဗေဒပညာရပ်သည် အခြားအခြားသော ပညာရပ်တို့နှင့်လည်း ငြိနေပါသည်။ ထို့ပြင် ဒဿနိကဗေဒသည် စနစ်များစွာ အခြေခံကာ တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ သို့ဖြစ်လေရာ ဒဿနိကဗေဒ ဆိုင်ရာ အရေးအသားတစ်ခု၊ သို့မဟုတ် ဒဿနိကဗေဒပညာရပ်နှင့် နှီးနွှယ်သော အရေးအသားတစ်ခု၊ သို့တည်းမဟုတ် ဒဿနိကဗေဒစနစ် တစ်စုံတစ်ရာအတွက် ဖွင့်ဆိုထားသော ဋီကာတစ်ခုကို ဘာသာစကား တစ်စုံတစ်ရာ ကျွမ်းကျင်မှု သက်သက်ဖြင့် လေ့လာကြည့်ရန် မလွယ်ပေ။ မလွယ်ရသည်မှာ ဒဿနိကဗေဒ တစ်စုံတစ်ရာ မှန်သမျှသည် စနစ်တစ်စုံတစ်ရာဖြင့် တည်ဆောက်ထားသည် ချည်းသာ ဖြစ်သောကြောင့် ဖြစ်၏။ ထို့ပြင် ဘာာသာစကားအခြေခံ၌တည်သော သညာများကို လွယ်လွယ်ကူကူ ရောထွေးပစ်ရန်၊ ထပ်တူပြုရန်မှာ မဖြစ်နိုင်။
စာမျက်နှာ
206
ပုံစံ
-
ထုတ်ဝေသူ
နှစ်ကာလများစာပေ
ထုတ်ဝေသည့်နှစ်
2015
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 12.8 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
စာအုပ်ဟောင်းများ
အမျိုးအစားခွဲများ
ဒဿန