
သင်္ဂြိုဟ်ရှင်းတမ်း
စာရေးသူ - အရှင်မုနိန္ဒာဘိဝံသ
အကျဉ်းချုပ်
ဤကျမ်းစာကို ရေးသားရာ၌ ကျေးဇူးရှင်ကြခတ်ဝိုင်းဆရာ မဟာထေရ်မြတ်၏ ပို့ချနည်းကို အစဉ်မှီး၍လည်းကောင်း၊ အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇန ကာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ)၏ အခြေပြုသင်္ဂြိုဟ်စသော အဘိဓမ္မာဆိုင်ရာ ကျမ်းစာတို့ကို ကြည့်ရှုမှီငြမ်း၍လည်းကောင်း ရေးသားပါသည်။ဤကျမ်းစာကို စာသင်ငယ်တို့လက်ထဲသို့ အချိန်မီပို့ဆောင်ရေး မျှော်တွေး လျက် စနစ်သစ်ပရိယတ္တိ ပညာရေးအခြေပြုမူလတန်း၌ ပြဋ္ဌာန်းထားသော စိတ်, စေတ သိက်, ပကိဏ်း, ရုပ်, သမုစ္စည်း-၅ပိုင်းတိုကိုသာ (ကလေးငယ်များပါ လွယ်ကူစွာ ကျက် မှတ်သင်ယူနိုင်ရန်) အမေးအဖြေပုံစံဖြင့် ရေးသားပြီး ပထမတွဲအဖြစ် စတင်ပုံနှိပ်လိုက် ပါသည်။ ယင်း ၅-ပိုင်းလာ ကျမ်းရင်းသရုပ် အဓိပ္ပာယ်များကို ထင်ထင်ရှားရှား ပေါ်ပေါ် လွင်လွင် စုံလင်စွာ ရေးသားတင်ပြထားသည့်ပြင် ယခုအခါ မေးလေ့ မေးထရှိသော သင်္ဂဟပုစ္ဆာဆန်းများနှင့် အဖြေများကိုပါ ထည့်သွင်းရေးသားထားသဖြင့် အခြေပါဒ သင်ဦးစအရွယ် စာသင်ငယ်များသာမက ငယ်, လတ်, ကြီး စာသင်သားများနှင့် အဘိ ဓမ္မာကို လေ့လာလိုက်စားသူများ အတွက်ပါ ဤကျမ်းစာက များစွာ အထောက်အကူ ပြုနိုင်လိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါ သည်။
စာမျက်နှာ
349
ပုံစံ
Paperback
ထုတ်ဝေသူ
အရှေ့အိမ်
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
24.5 × 16.8 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး