
ကွဲပြားစေဖို့ရာ
စာရေးသူ - မောင်ခင်မင် (ဓနုဖြူ)
အကျဉ်းချုပ်
ဒီစာစုဟာ ငွေတာရီမဂ္ဂဇင်းမှာ ကျွန်တော် လစဉ်ရေးခဲ့တဲ့ “မြန်မာ စကား မြန်မာစာ” အကြောင်း ဆောင်းပါးတွေကို စုစည်းထားတဲ့ စာစုဖြစ် ပါတယ်။ မြန်မာစကား မြန်မာစာအကြောင်း စိတ်ဝင်စားတဲ့ လူငယ်စာဖတ် ပရိသတ်အတွက် ရည်ရွယ်တဲ့အတွက် “သားတို့သမီးတို့ရေ” လို့ ရင်းရင်း နှီးနှီး နှုတ်ဆက်ပြီး ပြောဆို ဆွေးနွေးတဲ့ဟန်နဲ့ ရေးထားပါတယ်။ ဘာသာစကားတစ်ခုရဲ့ သွင်ပြင်လက္ခဏာတွေကို စနစ်တကျ လေ့လာ မယ်ဆိုရင် အဲဒီဘာသာစကားမှာ ရှိတဲ့ စကားသံစနစ်ကစပြီး စကားလုံးဖွဲ့ပုံ စနစ်၊ ဝါကျဖွဲ့ပုံစနစ်၊ အနက်အဓိပ္ပာယ်စနစ်၊ ဝေါဟာရစနစ် ဆိုတဲ့ ကဏ္ဍ တွေကို လေ့လာရမြဲ ဖြစ်ပါတယ်။ မြန်မာစကားရဲ့ သွင်ပြင်လက္ခဏာတွေကို လေ့လာရင်လည်း အဲဒီအစီအစဉ်အတိုင်း လေ့လာလေ့ရှိကြပါတယ်။ ဒီစာစု မှာ အဲဒီကဏ္ဍတွေကို လူငယ်တွေ သတိမူမိအောင် ပေါ့ပေါ့ပါးပါး ပြောပြထား ပါတယ်။ ဘာသာစကားတစ်ခုအကြောင်းကို အခြေခံကျကျ သိထားရင် အဲဒီ ဘာသာစကားကို အသုံးပြုရာမှာ မှန်မှန်ကန်ကန် ထိထိရောက်ရောက်ဖြစ်ဖို့ အများကြီး အထောက်အကူပြုနိုင်ပါလိမ့်မယ်။ ဒီစာစုကို စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေတဲ့ ဆန်းစသော်တာ စာအုပ် တိုက်ကို ကျေးဇူးတင်ပါတယ်။ မောင်ခင်မင် (ဓနုဖြူ)
စာမျက်နှာ
138
ပုံစံ
Paperback
ထုတ်ဝေသူ
ဆန်းစသော်တာ
ထုတ်ဝေသည့်နှစ်
2019
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 13 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
မြန်မာစာပေ