
စာကိုးအဘိဓာန် (တောင်ငူခေတ်)
စာရေးသူ - ပညာရေးဝန်ကြီးဌာန
အကျဉ်းချုပ်
စာကိုးတွင် သံသယဖြစ်စရာအကြောင်းများ၊ အသုံးတွင်ကျယ်သော မူကွဲများရှိပါက အောက်ခြေမှတ်ချက်ဖြင့် ရှင်းလင်းဖော်ပြထားပါသည်။ မှတ်သားဖွယ်ရာ ဝေါဟာရများနှင့် ထူးခြားသော ဝေါဟာရများကို စာလုံး မည်းဖြင့်ပြထားသည်။ စာကိုးအဘိဓာန် (တောင်ငူခေတ်) သည် တောင်ငူခေတ်မြန်မာ ဘာသာစကား မြန်မာစာပေဆိုင်ရာ အကိုးအကား၊ အထောက်အထား များကို ရှာဖွေစုစည်းပြုစုထားသည့် အဘိဓာန်ဖြစ်ပါသည်။ ဤအဘိဓာန်တွင် အစဉ်အဆက် ကိုးကားခဲ့ကြသော ဝေါဟာရ အကိုးအထောက်များ၊ ယဉ်ကျေးမှုဓလေ့ထုံးစံ အကိုးအထောက်များ၊ မြို့ရွာအမည်များနှင့် သမိုင်း ဆိုင်ရာ အကိုးအထောက်များ၊ လူအများ ဆင်ခြင်မှတ်သားဖွယ်ရာ ထိရောက်ကျစ်လျစ်သည့် စကားရပ်များနှင့် အစဉ်အလာပြောဆိုခဲ့ ကြသော မှတ်သားဖွယ်ရာစကားများ စသည်တို့ ပါရှိသည့်အတွက် စာကိုးအဘိဓာန်(တောင်ငူခေတ်) သည် မြန်မာဘာသာစကား၊ မြန်မာစာပေ လေ့လာလိုသူများအတွက် အထောက်အကူပြုနိုင်လိမ့်မည်ဟု ယုံကြည် ပါသည်။ မြန်မာစာအဖွဲ့ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ပညာရေးဝန်ကြီးဌာန
စာမျက်နှာ
270
ပုံစံ
Paperback
ထုတ်ဝေသူ
မြန်မာစာဌာန
ထုတ်ဝေသည့်နှစ်
2020
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
22.8 × 15.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
အဘိဓာန်