
ဆုလာဘ်
စာရေးသူ - WONDER by R.J. Palacio
အကျဉ်းချုပ်
အများနဲ့မတူ၊ ထူးခြားတဲ့ မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားရတဲ့ အောဂတ်စ် . . ဆိုတဲ့ ကောင်လေးဟာ အခုထိ ကျောင်း အစစ်မှာ ကျောင်းမတက်ဖူးသေးဘူး။ ငယ်ကတည်းကနေ ၁ဝ နှစ်သား အရွယ်အထိ အိမ်မှာပဲ စာသင်ခဲ့ရတာ။ ဒါပေမယ့်.. ဒီနှစ်မှာ သူ ကျောင်းစတက်ရတော့မယ်။ ကျောင်းအသစ်၊ ပတ်ဝန်းကျင်အသစ်ကို သူ..ဝင်တိုးရတော့မယ်။ ဒီပတ်ဝန်းကျင်အသစ်က အောဂတ်စ်ကို လက်ခံပါ့မလား။ စိန်ခေါ်မှုတွေကို အောဂတ်စ် ဘယ်လို ရင်ဆိုင်မလဲ။ အခက်အခဲတွေကို သူနဲ့ အတူ ရင်ဆိုင်ကျော်ဖြတ်ပေးကြမယ့် သူ့ မိသားစုဝင်တွေ၊ သူငယ်ချင်း အဟောင်း၊ အသစ်တွေ သူတို့ကရော ဒီ စွန့်စားခန်းမှာ ဘယ်လို ပါဝင်နေသလဲ..။ အမေရိကန် စာရေးဆရာမ R.J Palacio ရဲ့ Wonder စာအုပ်ဟာ နယူးယောက်တိုင်းမ် သတင်းစာရဲ့ “အရောင်းရဆုံး စာအုပ်များ” စာရင်းမှာ နှစ်ရှည်လများ ပါဝင်ခဲ့တဲ့ စာအုပ်ကောင်း တစ်အုပ်ပါ။ ရုပ်ရှင်အဖြစ် ရိုက်ကူးတော့လည်း အင်မတန် အောင်မြင်ခဲ့ပါတယ်။ “ဆုလာဘ်” ဆိုတဲ့ ဒီစာအုပ်ကို ဖတ်တဲ့အခါ .. အရွယ်နဲ့ မလိုက်အောင် အခက်အခဲပေါင်း များစွာကို ခံစားဖြတ်သန်းခဲ့ရတဲ့ အောဂတ်စ် ဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ ရဲရင့်ခြင်း၊ လူသားဆန်ခြင်းနဲ့ မျှော်လင့်ခြင်းတွေကို သက်ဝင်ခံစားရင်း ရင်ကိုနွေးစေပါလိမ့်မယ်။
စာမျက်နှာ
396
ပုံစံ
Paperback
ထုတ်ဝေသူ
ဇာစ်မြစ်
ထုတ်ဝေသည့်နှစ်
2021
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
14 × 21.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ကုန်နေပါပြီ
အမျိုးအစား
ဘာသာပြန်
အမျိုးအစားခွဲများ
ရသ, ဘာသာပြန်ဝတ္ထု
တဂ်များ