
မောင်ခွေးဖို့ ကဗျာများ
စာရေးသူ - မင်းသုဝဏ်
အကျဉ်းချုပ်
မနက်စောစော ချိုးငှက်ကလေး ကူတာကို ကြားဖူးကြတယ်မဟုတ်လား။ မနက်ချိန်က နုနုပျိုပျို။ ချိုးကူသံက သာသာယာယာ၊ ပျော်စရာမကောင်းဘူးလား။ ငါ့တူတို၊ ငါ့တူမ တိုအရွယ်ဟာ မနက်ချိန်လို နုနုပျိုပျိုပဲ။ ငါ့တူတို ငါ့တူမတို အသံဟာလည်း ချိုးကူသံလို သာသာယာယာပဲ။ သည်တော့ မနက်ခင်း ချိုးကလေးကူသလို ကလေးတိုရော တေး မဆိုချင်ကြဘူးလား။ ဆိုချင်ကြတယ်နော်။ အဲဒါကြောင့် ဦးလေးက ငါ့တူ၊ ငါ့တူမတိုဖို သီချင်းတွေကို ရေးတာပဲ။ ဦးလေးရဲ့ သီချင်းတွေကိုတွေ့တော့ “ကေ” ဆိုတဲ့ ဦးကြီးတစ် ယောက်က သီချင်းသံကလေးတွေ သွင်းပေးတယ်။ အသံလက္ခဏာတွေနဲ့ ရေးပေးတယ်။ တစ်ခါ ကလေးတွေကို အင်မတန်ချစ်တတ်တဲ့ ‘ပါပါကြီး” ဆိုတဲ့ ဘိုးဘိုးတစ်ယောက်က လည်း “ကေ” နဲ့အတူတူ သီချင်းတွေကို အင်္ဂလိပ်လို ပြန်ရေးပေးတယ်။ နောက်ပြီးတော့ ဂွယ်လွန်သူ ဦးဘဉာဏ်ဆိုတဲ့ ပန်းချီပညာကျော်ကြီးကလည်း အရုပ်တွေ ရေးပေးတယ်။ သူတိုတစ်တွေက ဝိုင်းအုံကူညီကြလို ဦးလေးရဲ့ သီချင်းတွေဟာ အခုလောက် မြိုင်လာ တာပဲ။ သူတိုရဲ့ စေတနာနဲ့ ဦးလေးရဲ့ စေတနာကို ရောမွှေပြီး ဖြစ်လာတဲ့ တေးကဗျာတွေ ကို ကလေးတိုဖို ထုတ်ဝေလိုက်ပြီ။ သိကြတော့၊ ဆိုကြတော့၊ အပြစ်ကင်းစွာနှင့် ပျော် ကြတော့။ မနက်ခင်းကလေး သာယာနုပျိုပါစေသတည်း။
စာမျက်နှာ
80
ပုံစံ
Hardcover
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2020
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
26.5 × 19.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ကဗျာ
အမျိုးအစားခွဲများ
ကလေးကဗျာများ