
လယ်တီဒီပနီအနှစ်ချုပ်
စာရေးသူ - ဝေမိုး(ကျွန်းလှ)
အကျဉ်းချုပ်
ဤလယ်တီဒီပနီအနှစ်ချုပ် ကျမ်းစာအုပ် ရေးသားရခြင်းအကြောင်းရင်းမှာ မင်းကွန်းတိပိဋက ဆရာတော်ကြီး၏ မဟာဗုဒ္ဓဝင်ကျမ်းစာအုပ်ကို မိမိစီစဉ်ပူဇော်သော “မဟာဗုဒ္ဓဝင်အနှစ်ချုပ်” ကျမ်းစာအုပ်ကို နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ် ယခင်ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အာဒိစ္စဝံသထံ သွားရောက်ဆက်ကပ်ရာ ၄င်းပါမောက္ခချုပ်ဆရာတော်က သာသနာအတွက် အလွန်အရေးပါတဲ့ လယ်တီဆရာတော်ကြီးရဲ့ စာမျက်နှာပေါင်း ၄ဝဝဝ နီးပါးရှိတဲ့ ဒီပနီကျမ်း လေးအုပ်တွဲကိုလည်း အနှစ်ချုပ်ရေးသားပါဦးလို့ တောင်းဆိုတိုက်တွန်းခဲ့ခြင်းကြောင့် ယခုလို လယ်တီဒီပနီအနှစ်ချုပ်ကျမ်းစာအုပ် ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။ ဤ လယ်တီဒီပနီအနှစ်ချုပ်ကျမ်းစာအုပ် ထုတ်ဝေနိုင်ရေးအတွက် ပညာသံဝတ္တနိက ကုသိုလ်ပြုလှူဒါန်းသော မေလဖွား ဘုရား၊ ကျောင်း၊ ရဟန်း ဒါယိကာမကြီး သီဟသုဓမ္မသိင်္ဂီ ဒေါက်တာမြသီတာဆွေတင် ကိုလည်း များစွာ ကျေးဇူးတင်ရပါသည်။ သံသရာဝဋ်ဒုက္ခ လွတ်မြောက်ကြောင်း အကျင့်ကောင်းကိုလည်း ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ပါစေဟု ဆန္ဒ ပြုလိုက်ရပါသည်။ ဤအနှစ်ချုပ်ကျမ်းကို ရေးသားခြင်းဖြင့် လယ်တီဆရာတော်ဘုရားကြီး၏ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်ကို မပြတ်ကော်ရော် ပူဇော်အပ်ပါသတည်း။
စာမျက်နှာ
350
ပုံစံ
Paperback
ထုတ်ဝေသူ
သီရိရတနာပိဋကတ်စာပေ
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21.5 × 16.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး