
သင်္ကေတဗေဒ နိဒါန်း
စာရေးသူ - မောင်ခင်မင် (ဓနုဖြူ)
အကျဉ်းချုပ်
သင်္ကေတဗေဒ (semiotics) သည် ၂၀ ရာစုအတွင်း ထင်ရှားလာသော ပညာရပ် တစ်ခု ဖြစ်ပါသည်။ သင်္ကေတကို စနစ်တကျ လေ့လာသော ပညာရပ်ဖြစ်သည်ဟု လိုရင်း ဖွင့်ဆိုနိုင်ပါသည်။ သင်္ကေတဗေဒ ဟူသည် ‘သင်္ကေတ သိပ္ပံပညာ’၊‘သင်္ကေတ သဘောတရားကို လေ့လာသော ပညာ” “သင်္ကေတစနစ်များနှင့် ယင်းတို့၏ အနက်အဓိပ္ပာယ် သက်ရောက် ပုံများကို လေ့လာသော ပညာ” စသည်ဖြင့် အမျိုးမျိုး ဖွင့်ဆိုကြပါသည်။ သင်္ကေတဗေဒသည် ဘာသာစကား၊ စာပေ၊ ဓာတ်ပုံ၊ သတင်းစာ၊ ကြော်ငြာ၊ တေးဂီတ၊ သဘင်၊ ရုပ်ရှင်၊ ပြဇာတ်၊ ရုပ်မြင်သံကြား စသည့် နယ် ပယ်များတွင် ကျယ်ပြန့်စွာ နေရာယူလျက် ရှိသည်။ ထိုနယ်ပယ်များတွင် သင်္ကေတဖန်တီးပုံ၊ သင်္ကေတဖွဲ့စည်းပုံ၊ အနက် အဓိပ္ပာယ်စနစ် ဖန်တီးပုံတို့ကို သင်္ကေတဗေဒက စနစ်တကျ လေ့လာသည်။ ဤစာစုသည် သင်္ကေတဗေဒ ပညာရပ်ကို မိတ်ဆက် တင်ပြသော စာစု ဖြစ်ပါသည်။ သင်္ကေတဗေဒ ဟူသော နယ်ပယ်ထဲသို့ ခြေတစ်လှမ်း ဝင်ကြည့်သော အားထုတ်မှုအဖြစ် ဤစာစုက သာဓက ဆောင်လိမ့်မည်ဟု ယူဆပါသည်။ မောင်ခင်မင် (ဓနုဖြူ)
စာမျက်နှာ
63
ပုံစံ
Paperback
ထုတ်ဝေသူ
The Key Collection
ထုတ်ဝေသည့်နှစ်
2016
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 13.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
Semiotics