
ဧကရာဇ်မင်း၏ အတွေးမှတ်စု
စာရေးသူ - မောရိသျှ
အကျဉ်းချုပ်
*"အတွေးမှတ်စု" ဆိုတာဟာ ခရစ်နှစ် ၁၆၁ ခုနှစ်ကနေ ၁၈၀ ခုနှစ်အထိ ရောမအင်ပါယာကို အုပ်ချုပ်ခဲ့တဲ့ ဧကရာဇ်မာကပ်စ် ဩရေးလီးယက်စ်ရဲ့ တပဓမ္မ (Stoicism) အပေါ်ရှုမြင်သုံးသပ်ချက်တွေကို မှတ်စုကြမ်းအဖြစ် ရေးထားခဲ့တဲ့ ကိုယ်ရေးမှတ်တမ်းစာစောင်ဖြစ်ပါတယ်။ *စာစောင်ပေါင်း ၁၂ စောင်ရှိပြီး တပဓမ္မအမြင်နဲ့ ကိုယ်ကျင့်သီလဆိုင်ရာ လမ်းညွှန်မှု၊ ပေါင်းသင်းဆက်ဆံရေး၊ သေခြင်းတရားနဲ့ ဘဝရုန်းကန်မှုဆိုင်ရာ လမ်းညွှန်၊ အခက်အခဲတွေကို ကျော်လွှားနည်းနဲ့ အောင်မြင်မှုဆိုင်ရာ လမ်းညွှန်ထားချက်တွေ ပါဝင်ပါတယ်။ *ဆင်ခြင်တုံတရားနဲ့ ယုံကြည်သက်ဝင်မှုရဲ့ အရေးပါပုံ သတိပေးထားပြီး အကြောင်းအကျိုး ဆက်စပ်တွေးခေါ်ခြင်းနဲ့ ဘဝတိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ နည်းလမ်းကောင်းတွေကို လမ်းညွှန်းထားပါတယ်။ *သေခြင်းတရားကို ကြောက်ဖို့မလိုဘဲ အမှန်တရားကို လက်ခံနိုင်ခြင်းအားဖြင့် ဘဝကိုသောကကင်းကင်း နေနိုင်မှာဖြစ်ကြောင်း တိုက်တွန်းထားပြှီး နေ့စဉ်တိုင်းကို နောက်ဆုံးသောအသက်ရှင်ခြင်းအဖြစ် နှလုံးသွင်းပြီး အဓိပ္ပာယ်ရှိ၊ အနှစ်သာရရှိတဲ့ ဘဝမျိုးနဲ့ ရှင်သန်ဖို့ရာ လမ်းညွှန်ထားပါတယ်။
စာမျက်နှာ
198
ပုံစံ
Paperback
ထုတ်ဝေသူ
ပန်းဆက်လမ်း
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
14.5 × 20.5 cm
ISBN
979-4-318-01280-0
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သုတ၊ ရသ
အမျိုးအစားခွဲများ
ဘာသာပြန်ဝတ္ထုများ, သုတ၊ ရသ