
မန္တလေးမဟာမုနိတံတိုင်းအတွင်းရှိ ကျောက်စာများ (ဆဌမတွဲ)
စာရေးသူ - ဒေါ်အုန်းကြည်(မြန်မာသမိုင်းအဖွဲ့ဝင်)
အကျဉ်းချုပ်
မန္တလေးမဟာမုနိတံတိုင်းတွင်းရှိကျောက်စာများ၊ ဆဋ္ဌမတွဲတွင် ပါဝင်သော ကျောက်စာ များသည် သက္ကရာဇ် ၆၈၁မှ ၇၁၈ အထိ ကျောက်စာတိုင် ၇၅ တိုင်ဖြစ်ပါသည်။ ပင်းယမင်းဆက် သီဟသူရမင်း(၁၃ဝ၉-၁၃၂၅)မှ ကျော်စွာမင်း(၁၃၅၀-၁၃၅၆)လက်ထက်ထိ ရေးထိုးခဲ့သော ကျောက်စာများဖြစ်ပါသည်။ ပင်းယခေတ် သီဟသူရ၊ ဥစ္စနာ၊ ငါးစီးရှင်ကျော်စွာ၊ သားတော်ကျော်စွာ မင်းများနှင့် ယင်းတို့၏မယ်တော်များ၊ မိဘုရားများ၊ မှူးမတ်များ၊ စစ်သူကြီးများ၊ မြို့သူကြီး၊ ရွာသူကြီးများနှင့် သူဌေးသူကြွယ်များ၏ ဘုရားတည်၊ ကျောင်းဆောက်၊ သိမ်ဆောက်၍ ဘုရား၊ ကျောင်း၊ သိမ်တို့အား မြေ၊ ထန်း၊ ကျွန်များကိုလှူသော အလှူမှတ်တမ်းများ ဖြစ်ပါသည်။ကျောက်စာများသည် အလှူမှတ်တမ်းပင်ဖြစ်သော်လည်း ပင်းယခေတ်၏ မင်းနှင့်မှူးမတ်၊ သူဌေး သူကြွယ်တို့၏ဆက်ဆံရေး၊ မြေလှူဒါန်းရာတွင် လိုက်နာရသည့်ဓလေ့ထုံးစံများ၊ ပင်းယခေတ်၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ သာသနာရေး အခြေအနေများကို တစေ့တစောင်း ဖော်ပြနေ သဖြင့် ပင်းယခေတ်ကို အထူးပြုလေ့လာနေသော သုတေသီများ၊ ရှေးဟောင်းသမိုင်းကို စိတ်ဝင်စား သူများအတွက် ဤကျောက်စာများသည် များစွာအထောက်အကူပြုမည်ဟု ယုံကြည်ပါသည်။
စာမျက်နှာ
318
ပုံစံ
Paperback
ထုတ်ဝေသူ
မြန်မာ့သမိုင်းသုတေသန
ထုတ်ဝေသည့်နှစ်
2014
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
24.9 × 18.7 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
ကျောက်စာ