
မြန်မာစကားဝိုင်း (၂)
စာရေးသူ - မောင်ခင်မင် (ဓနုဖြူ)
အကျဉ်းချုပ်
မြန်မာစကား မြန်မာစာဆိုင်ရာ ဆောင်းပါးများ ရေးသည်ကို အကြောင်းပြု၍ အသံထွက်၊ စာလုံးပေါင်းသတ်ပုံ၊ စကားအသုံးအနှုန်း၊ ဝါကျဖွဲ့ထုံးတို့နှင့် ပတ်သက်သည့် ပြဿနာများကို ကျွန်တော့်အား စာဖြင့် သော်လည်းကောင်း၊ တယ်လီဖုန်းဖြင့် သော်လည်းကောင်း မေးမြန်း ဆွေးနွေးသည့် စာပေမိတ်ဆွေများ အများအပြားရှိပါသည်။ ထိုမေးမြန်း ဆွေးနွေးချက်များကို ကျွန်တော် တတ်စွမ်းသမျှ ပြန်လည်ဖြေကြားပါသည်။ တိုက်ရိုက်ဖြေကြားသည်လည်း ရှိပါသည်။ ဆောင်းပါးအဖြစ်ရေးပြီး ပြန်လည်ဖြေကြားသည်လည်း ရှိပါသည်။ မြန်မာနိုင်ငံတွင် လူများစု ပြောဆိုရေးသား အသုံးပြုနေသော မိခင်ဘာသာစကားလည်းဖြစ်သော၊ ရုံးသုံးလည်းဖြစ်သော မြန်မာစကား မြန်မာစာကို ထုံးမီစံမျှဖြစ်စေရန်နှင့် ခေတ်နှင့်အညီ ထိထိရောက်ရောက်အသုံးပြုနိုင်စေရန် ဝိုင်းဝန်း ကြိုးပမ်းကြရာတွင် ဤဆောင်းပါးများက အထောက်အပံ့ပြုတန်သလောက် ပြုနိုင်လိမ့်မည်ဟု ခံယူပါသည်။ ဤဆောင်းပါးများကို စတင်ဖော်ပြသော မြန်မာ့အလင်းသတင်း စာနှင့် စာအုပ်အဖြစ် စီစဉ်ထုတ်ဝေသော မြန်မာစာနှင့်ဘာသာစကား ပညာရေးဦးစီးဌာနကို ကျေးဇူးတင်ကြောင်းဖော်ပြပါသည်။
စာမျက်နှာ
261
ပုံစံ
Paperback
ထုတ်ဝေသူ
မြန်မာစာဌာန
ထုတ်ဝေသည့်နှစ်
2016
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
20.4 × 14.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
သုတ