
ဖြစ်တည်ခြင်း MICHELLE OBAMA
စာရေးသူ - ဝင်းငြိမ်း
အကျဉ်းချုပ်
ကျွန်မ မသိသည့် အမေရိကန်ပြည်ထောင်စုနှင့်ပတ်သက်သော၊ ဘဝနှင့်ပတ်သက်သော၊ အနာ ဂတ်တွင် ဘာဖြစ်မည်ဆိုသော အချက်အလက်များစွာ ရှိပါသေးသည်။ သို့သော် ကျွန်မ အကြောင်းကိုမူ ကျွန်မသိပါသည်။ ကျွန်မဖခင်ကအလုပ်ကိုကြိုးကြိုးစားစားလုပ်ရန်၊ မကြာခဏ ရယ်မောရန်၊ ကတိတည်ရန် သင်ကြားပေးခဲ့သည်။ ကျွန်မမိခင် မယ်ရီယန်ကလည်း ကိုယ့် ကိုယ်ကိုတွေးခေါ်တတ်စေရန်၊ ကိုယ့်ဩဇာကိုမည်သို့သုံးရန်တို့ သင်ကြားပေးခဲ့ပါသည်။ ချီကာ ဂိုတောင်ပိုင်း ကြပ်ကြပ်တည်းတည်း အခန်းကျဉ်းကလေးထဲတွင် အတူတကွနေထိုင်ကြရင်း မိဘ နှစ်ပါးက ကျွန်မတို့ဘဝ၏ တန်ဖိုးကိုနားလည်စေသည်။ ကျွန်မ ဘဝတန်ဖိုးကိုသိစေ ခဲ့သည်။ ပို၍ကျယ်ပြန့်သော ကျွန်မတို့နိုင်ငံ၏ တန်ဖိုးကိုသိစေခဲ့၏။ ထိုအကြောင်းအရာတို့သည် ပြီးပြည့်စုံခြင်းမရှိ၊ မလှမပ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် ဖြစ်စေချင်သည်ထက် ပိုမို မှန်ကန်ပါသည်။ ကိုယ့်ဘဝဇာတ်ကြောင်းဆိုသည်မှာ ကိုယ်ပိုင်ဖြစ်၍ ထာဝရဖြစ်တည်နေ မည်သာ ဖြစ်ပါသည်။ ထိုအရာသည် ကိုယ်ပိုင်ဆိုင်သော အရာတစ်ခုသာဖြစ်တော့သည်။ - မိတ်ဆက်အမှာစကားမှကောက်နှုတ်ချက် -
စာမျက်နှာ
565
ပုံစံ
Paperback
ထုတ်ဝေသူ
ငါတို့စာပေ
ထုတ်ဝေသည့်နှစ်
2019
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
20.8 × 14 cm
ISBN
9767019926196
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
အတ္ထုပတ္တိ
အမျိုးအစားခွဲများ
သုတ