
မန္တလေးမဟာမုနိတံတိုင်းအတွင်းရှိ ကျောက်စာများ (အဌမတွဲ)
စာရေးသူ - ဒေါ်အုန်းကြည်(မြန်မာသမိုင်းအဖွဲ့ဝင်)
အကျဉ်းချုပ်
ဤအဋ္ဌမလွဲမှာလည်း မင်းကြီးစွာစော်ကဲနှင့် ပထမမင်းခေါင်လက်ထက် မင်းနှင့်တကွ မိဖုရား များ၊ သားတော်၊ သမီးတော်၊ မင်းဆွေမင်းမျိုး၊ မြို့စား ရွာစား၊ မြို့သူကြီး ဖူးသူကြီး ပြည်စိုး၊ သူဌေး သူကြွယ်များ တည်ဆောက်ခဲ့သော ကျောင်း၊ ဘုရား၊ သိမ်၊ ပိဋကတ်တိုက်နှင့် ထိုကျောင်း၊ ဘုရား၊ သိမ်း ပိဋကတ်တိုက်များ သာသနာငါးထောင်တည်စေရန်နှင့် အထောက်အပံ့ ဖြစ်စေရန် မြေ၊ ထန်း၊ ဥယျာဉ်၊ ကျွန်များလှူဒါန်းခဲ့သော အလှူမှတ်တမ်းများဖြစ်ပါသည်။ ထိုအလှူမှတ်တမ်းများတွင် အင်းဝခေတ်မင်းနှင့် မင်းမှုထမ်းများ၏ ဆက်ဆံရေး၊ မြေလှူဒါန်းရာတွင် လိုက်နာရသည့်ဓလေ့ထုံးတမ်းများ၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများကို တစေ့တစောင်းဖော်ပြပါရှိသဖြင့် သမိုင်းသုတေသီများ အတွက် များစွာအထောက်အကူပြုမည်ဟု ယုံကြည်ပါသည်။ ဤစာအုပ်ထုတ်ဝေနိုင်ရေးအတွက် အဖက်ဖက်မှ ကူညီပါသော သမိုင်းသုတေသနနှင့် စာကြည့်တိုက်ဦးစီးဌာနမှ ဒေါ်ဆွေဆွေဝင်း (သုတေသနလက်ထောက်-၂) နှင့် ကွန်ပျူတာစာစီပေး သော ဒေါ်လှလှရီ (ဦးစီးအရာရှိ)၊ ဒေါ်ဥမ္မာမြင့် (မော်ကွန်းလက်ထောက်-၃) တို့အား ကျေးဇူး အထူးတင်ပါကြောင်း မှတ်တမ်းတင်ပါသည်။
စာမျက်နှာ
376
ပုံစံ
Paperback
ထုတ်ဝေသူ
မြန်မာ့သမိုင်းသုတေသန
ထုတ်ဝေသည့်နှစ်
2016
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
24.5 × 17 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
ကျောက်စာ