
ဇော်ဂျီ၏ စာရှုခင်း (၆) ပလေးတိုးနိဒါန်း
စာရေးသူ - ဆရာဇော်ဂျီ
အကျဉ်းချုပ်
ရှေးဦးစကား
အမျိုးသားစာဆိုကြီး ဆရာဇော်ဂျီ၏စာများကို အသစ်တစ်ဖန်ပေါင်းစု စီစဉ်ဖြစ်ခြင်းအတွက် တွေ့ဆုံအကြံပေးလမ်းညွှန်ခဲ့ကြသော ဆရာဦးသော် ကောင်း၊ ဆရာမင်းယုဝေ၊ ဆရာဦးမြင့်ကြိုင်၊ ဆရာမဒေါ်ခင်နှင်းဦး၊ ဆရာ မောင်ဇေယျာတို့နှင့် စာမူလိုအပ်ချက်များကို စုဆောင်းပေးခဲ့သော ကိုသန်း ထွန်းအောင်တို့၏ ကျေးဇူးတရားကို ဦးစွာ မှတ်တမ်းပြုရပါမည်။ ကျွန် တော်တို့၏ စိတ်ကူးစိတ်သန်းများအတိုင်း ထုတ်ဝေခွင့်ပြုသူ ဆရာကြီး၏ မိသားစုကိုလည်း အထူးလေးစား ကျေးဇူးတင်ရှိရပါသည်။
ယခုကဲ့သို့ ပြန်လည်စီစဉ်ကြရာတွင် စာ အမျိုးအစားအလိုက် စုစည်းနိုင်ရန် လမ်းညွှန်ကြသည့်အတိုင်း အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ဆရာဇော်ဂျီ၏ လက်ရာစုံကို စုံလင်နိုင်သမျှ စုံလင်အောင် တစ်နံတစ်လျား ခင်းကျင်းပြသသွားရသည်မှာ စာအလှ တောမြိုင်ရှုခင်း ရှုကွက်များသဖွယ် ထင်မြင်ယူဆပါသောကြောင့် စာရှုခင်း ၁၊ ၂၊ ၃ ... စသည်ဖြင့် အမည်ပေးကာ စီစဉ်ထုတ်ဝေခဲ့ကြသည်မှာ ယခု အမှတ် ၆ တွင် အပြီးသတ်နိုင်ခဲ့ပြီဖြစ်ပါသည်။
စာအုပ်စီစဉ်သူများ၏ လိုအပ်ချက်များကို ထောက်ပြဝေဖန် တည့်မတ် ဖြည့်စွက်ပေးခြင်းဖြင့် ပိုမိုပြည့်စုံကောင်းမွန်သော စာအုပ်များဆီ မျှော်မှန်းလိုပါသည်။
စာပေပညာရှင်များနှင့် စာဖတ်ပရိသတ်များကို
အစဉ်လေးစား ဂါရဝတရားဖြင့်
စိတ်ကူးချိုချိုစာအုပ်တိုက်
စာမျက်နှာ
213
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2019
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
27 × 19.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဒဿန
အမျိုးအစားခွဲများ
Classic, literature