
မန္တလေးမဟာမုနိတံတိုင်းအတွင်းရှိ ကျောက်စာများ (နဝမတွဲ)
စာရေးသူ - ဒေါ်အုန်းကြည်(မြန်မာသမိုင်းအဖွဲ့ဝင်)
အကျဉ်းချုပ်
ဤနဝမတွဲကျောက်စာများသည် အင်းဝခေတ် ပထမမင်းခေါင်မှ နရပတိမင်းလက်ထက်အထိပင်းနှင့်တကွ မိဖုရားများ၊ သားတော်၊ သမီးတော်များ၊ မှူးမတ်များ၊ မြို့စားရွာစားများ၊ မင်းမှုထမ်းများ တည်ဆောက်ခဲ့သည့်ဘုရား၊ကျောင်း၊သိမ်၊ပိဋကတ်တိုက်နှင့်ထိုဘုရား၊ကျောင်း၊သိမ်၊ပိဋကတ်တိုက်များ သာသနာငါးထောင်တည်စေရန်နှင့်အထောက်အပံ့ဖြစ်စေရန်ရွာမြေထန်းအင်းဥယျာဉ်ကျွန်များလှူဒါန်းခဲ့သော အလှူမှတ်တမ်းများဖြစ်ပါသည်။ထိုအလှူမှတ်တမ်းများတွင်ကုသိုလ်ကောင်းမှုအတွက်ဆုတောင်းဆုယူပြုပုံ၊ ကုသိုလ်ကောင်းမှုကိုထိပါးဖျက်ဆီးသူများအားကြောက်မက်ဖွယ်ကျိန်ဆိုပုံများမင်းမှတပါးအခြားအလှူရှင်များက မင်းအားခွင့်ပန်၍ မင်း၏အလှူအဖြစ် လှူဒါန်းရသည်များ၊ လှူခွင့်ရရန် မင်းအား အဘိုးတန်လက်ဆောင်များ ဆက်သရပုံများအင်းဝခေတ်မင်းစဉ်မင်းဆက်ဆက်ခံသည့်ခုနှစ်သက္ကရာဇ်များနှင့်မြို့စားရွာစားများမိဖုရားများ၊ သားသမီးများ၏အမည်စာရင်းများကိုကျောက်စာများတွင်ပါရှိသဖြင့်အင်းဝခေတ်၏နိုင်ငံရေး၊သာသနာရေး၊ လူမှုရေးစီးပွားရေးအုပ်ချုပ်ရေးနှင့်ယဉ်ကျေးမှုတို့ကိုတစ်စေ့တစ်စောင်းဖော်ပြသဖြင့်သမိုင်းသုတေသီများအတွက် များစွာအထောက်အကူပြုမည်ဟုယုံကြည်ပါသည်။
စာမျက်နှာ
406
ပုံစံ
Paperback
ထုတ်ဝေသူ
မြန်မာ့သမိုင်းသုတေသန
ထုတ်ဝေသည့်နှစ်
2018
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
25.5 × 18.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
ကျောက်စာ