
ယောမင်းကြီးဦးဘိုးလှိုင် အတ္ထုပ္ပတ္တိ နှင့် ရာဇဓမ္မသင်္ဂဟကျမ်း
စာရေးသူ - မောင်ထင်
အကျဉ်းချုပ်
" ဦးဘိုးလှိုင်၏အတ္ထုပ္ပတ္တိကို မှတ်တမ်းတင်သော ပညာရှင်များက ဝက်မစွတ်မြို့စားအမတ်ကြီးသည် ထို ရာဇဓမ္မသင်္ဂဟကျမ်းကို သီပေါမင်းတရားကြီးအား ရေးသားဆက်သွင်းသည်ဟု ဆိုကြသည်။ ပုဂံဝန်ထောက်မင်း ဦးတင်၏ မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း” ၌ကား ရာဇဓမ္မသင်္ဂဟကျမ်းသည် သီပေါမင်းတရားကို ဆုံးမသောကျမ်းဖြစ်သည် ဟုဆိုသည်။ ဦးဘိုးလှိုင်၏ စေတနာမှာ နိုင်ငံနှင့်လူမျိုးကို ချစ်သော စေတနာ ဖြစ်၏။ ထိုစေတနာအရအသက်နှင့်ရာထူးစည်းစိမ်ကို ငဲ့ကွက်ခြင်းမပြုခဲ့။ ပညာဖြင့် ယှဉ်၍ အမှန်တရားကို ရှာဖွေခဲ့ရာ၏။ အမှန်တရားကို တွေ့သည်ရှိသော် လူမျိုးနှင့် နိုင်ငံအတွက် မကြောက်မရွံ့မထောက်မညှာ တင်ပြခဲ့၏။ မင်းတကာတို့မျက်သည်ကို မတုန်လှုပ်။ မျက်သော မင်းတို့အားလည်း အာဃာတမထား။ ကိုယ်ကျိုးမပါသော တော်လှန်ရေးအစဉ်ကိုသာ စိုက်ထူပေးခဲ့သည်။ ဤအချက်ကို ဆင်ခြင်သော် ဦးဘိုးလှိုင်သည် မင်းအဆက်ဆက်တို့ကို ၎င်းတို့၏ တစ်သက်စာအတွက်သာ ကျေးဇူးပြုနိုင်ခဲ့သော်လည်း လူမျိုးနှင့် နိုင်ငံအတွက်ကား သမိုင်းအစဉ်အလာ တစ်လျှောက်၌ ကျေးဇူးပြုလျက်ရှိသည်ကို တွေ့ရလိမ့်မည်။ လူမျိုးနှင့် နိုင်ငံအပေါ်၌ ဦးဘိုးလှိုင်ပြုစုခဲ့သော ကျေးဇူးတို့သည် ကြီးမားလှလေစွ။
စာမျက်နှာ
311
ပုံစံ
Paperback
ထုတ်ဝေသူ
UNITY
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
6th Edition
စာအုပ်အရွယ်အစား
20.6 × 13.3 cm
ISBN
2542979033057
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
မြန်မာ့သမိုင်း