
ဓမ္မဒေသနာ (၂)
စာရေးသူ - အရှင်အဘယာလင်္ကာရ
အကျဉ်းချုပ်
သာသနာအတွက် ကျေးဇူးများလှသော ဒကာ၊ ဒကာမ များကို ရဟန်းတော်များဘက်မှ ကျေးဇူးဆပ်ရန်မှာ နည်းလမ်းတစ်ခု သာ ရှိသည်။ တစ်ခုတည်းသော ထိုနည်းလမ်းမှာ တရားဟောပြော ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် မိမိတို့ထံ ရောက်လာကြသော ဒကာ၊ ဒကာမများကို တရားဟောပြော၍ ကျေးဇူးဆပ်ကြရသည်။ တရားဟောသောအခါ အခြေခံဖြစ်သည့် သီလစင်ကြယ်ရေး နှင့် အယူစင်ကြယ်ရေးကို အဓိကထား၍ ဟောဖြစ်သည်။ သမထ ဝိပဿနာတရားတို့ကို ဟောပြောသူကား များလှပေသည်။ သီလနှင့် ကိုးကွယ်မှု အယူစင်ကြယ်ရေးအတွက် ဟောပြောသူ နည်းလှသည်။ ဤအကြောင်းသည် အယူသီလစင်ကြယ်ရေးကို ဦးစားပေး ဟောရ ခြင်း၏ အကြောင်းတစ်ရပ်ပင်ဖြစ်သည်။ ယခုခေတ်သည် ဆုတ်ယုတ်လာသော ခေတ်ဖြစ်၍ လောဘ၊ ဒေါသ အားကြီးကာ သီလလုံခြုံမှု အားနည်းလျက် ရှိကြသည်။ သီလ လုံအောင်ကျင့်နေသူများကို အပြစ်မြင်လိုသူများပင် ရှိနေသေးသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ရိုးရာဓလေ့များနှင့် ရောထွေးကာ ကိုးကွယ်မှု ပိုင်းဆိုင်ရာတွင်လည်း မစင်ကြယ်ဘဲ ရှိနေသည်။ ဤအကြောင်းကြောင့် လည်း အယူသီလစင်ကြယ်ရေးကို ဦးစားပေး ဟောဖြစ်သည်။
စာမျက်နှာ
159
ပုံစံ
Paperback
ထုတ်ဝေသူ
ဓမ္မစံအိမ်
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 14.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး