
ရွှေအတိပြီးသော
စာရေးသူ - သိုးဆောင်း
အကျဉ်းချုပ်
"ရွှေအတိပြီးသော" လုံးချင်းဝတ္ထုသစ်သည် ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံ၍ ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။ ဇာတ်လမ်းအစတွင် ဂီတလောကသို့ အဆိုတော်တစ်ဦးအဖြစ် ဝင်ရောက်ရန် ကြိုးစားနေသည့် လူငယ်တစ်ဦးဖြစ်သူ သီဟနှင့် သူ၏သူငယ်ချင်းများဖြစ်ကြသော ဇော်ထိုက် (ဘုမ)၊ စိုင်းထက် (ဂျပု) နှင့် အောင်ရဲ (အုန်းကြီး) တို့သည် လက်ဖက်ရည်ဆိုင်တွင် ဆုံတွေ့ကြရာမှ ကျိုက်ထီးရိုးတောင်ပေါ်တွင် ကျင်းပမည့် နှစ်သစ်ကူးပွဲတော်အကြောင်းကို စတင်ဆွေးနွေးဖြစ်ခဲ့ကြသည်။ ကျိုက်ထီးရိုးရင်ပြင်တော်ပေါ်တွင် နှစ်သစ်ကူးချိန်၌ အစောဆုံး "Happy New Year" ဟု အော်နိုင်သည့်အဖွဲ့အား ဆုပေးသည့် အစီအစဉ်ရှိသည်ဟု ဘုမ၏ ပြောပြချက်ကြောင့် လူငယ်များသည် စိတ်ဝင်စားသွားကာ ဒီဇင်ဘာလ (၃၀) ရက်နေ့ညတွင် ကျိုက်ထီးရိုးသို့ သွားရောက်ရန် အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်။ ဤဝတ္ထုသည် မွန်းကြပ်လှသော လူနေမှုဘဝများထဲမှ ခဏတာ ရုန်းထွက်လိုသည့် လူငယ်များ၏ ခရီးစဉ်နှင့် အနုပညာအပေါ် ရူးသွပ်မှု၊ သူငယ်ချင်းများအကြား သံယောဇဉ်များကို အချိတ်အဆက်မိမိ ဖော်ပြထားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။
"အဆုံးမရှိတဲ့ လိမ်ညာမှုတွေထဲ ကြယ်တွေကို ထိုင်ငေးဖူးတယ်...၊ ကောင်မလေးရေ ... လွမ်းလိုက်တာ..."
စာမျက်နှာ
251
ပုံစံ
Paperback
ထုတ်ဝေသူ
အောင်မြင်စာပေ
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
13 × 20.5 cm
ISBN
999-1-110-00001-5
ပစ္စည်းလက်ကျန်
ကုန်နေပါပြီ
အမျိုးအစား
ရသ
အမျိုးအစားခွဲများ
ရသ, ဝတ္ထု