
မြန်မာဘာသာစကား ကျမ်းခြောက်ဆယ် အညွှန်း
စာရေးသူ - မောင်ခင်မင် (ဓနုဖြူ)
အကျဉ်းချုပ်
မြန်မာလူမျိုး ပညာရှင်တို့က နှုတ်ပြော မြန်မာစကားသည် နေ့စဉ် ပြောဆိုနေသော စကား ဖြစ်သည့်အတွက် အထူးတလည် လေ့လာစရာ မလိုဟု ယူဆကြပုံရသည်။ ထို့ ကြောင့် နှုတ်ပြော မြန်မာသဒ္ဒါ ဟူ၍ တစ်စောင်တစ်ဖွဲ့မျှ ပေါ်ထွက်လာခြင်း မရှိပါ။ တိုင်းခြားပညာရှင်တို့ကမူ နှုတ်ပြော မြန်မာစကားကို လေ့လာ၍ သဒ္ဒါကျမ်းများ ပြုစုကြ သည်။ ထို့ကြောင့် နှုတ်ပြော မြန်မာစကား၏ သွင်ပြင်လက္ခဏာများကို အာရုံပြုမိကြသည်။ မြန်မာဘာသာစကား၏ သွင်ပြင်လက္ခဏာများ ပြည့်ပြည့်စုံစုံ ပုံပေါ်လာရန်အတွက် စာသုံး မြန်မာစကားကိုရော၊ နှုတ်ပြော မြန်မာစကားကိုရော ပုံဖော် လေ့လာရန် လိုအပ်သည်ဟု သဘောရပါသည်။ ဤစာအုပ်တွင် ခေတ်အဆက်ဆက် မြန်မာဘာသာစကား လေ့လာမှု လမ်းကြောင်း ကို လေ့လာသူများ ရှုမြင်နိုင်အောင် ပုံဖော်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ဤစာအုပ်ကို ပုံနှိပ် ထုတ်ဝေပေးသော ကိုစိုးညွန့် (ရာပြည့်စာအုပ်တိုက်) ကို ကျေးဇူး တင်ပါသည်။ မောင်ခင်မင် (ဓနုဖြူ)
စာမျက်နှာ
309
ပုံစံ
Paperback
ထုတ်ဝေသူ
ရာပြည့်စာပေ
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
22.5 × 15.1 cm
ISBN
9781995005225
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
ဘာသာစကား, ကျမ်း