
ဂန္ထဝင် ဦးသျှောင် မင်းသားလုပ်ထုံးကျမ်း
စာရေးသူ - မောရိသျှ
အကျဉ်းချုပ်
မာခီယာဗဲ့လီရဲ့ နာမည်ကျော်စာအုပ် The Prince (II Principe) ကို ၁၅၁၃ ခုနှစ်မှာ စတင်ရေးသားခဲ့ပြီး ၁၅၁၅ ခုနှစ်လောက်မှာ ပြီးခဲ့တယ်လို့ စာပေပညာရှင်တွေ ယူဆကြတယ်။ ကျမ်းငယ်လေးတစ်ခုဖြစ်ပေမယ့် အခန်းများပြီး တင်ပြထားတဲ့ အချက်တွေကလည်း ဖတ်လိုက်တိုင်း ကြက်သီးထစရာကောင်းလောက်အောင် ရက်စက်မှုကို အားပေးထားတဲ့အတွက် သူ့ခေတ်သူ့အခါ အပါအဝင်၊ ဒီနေ့ခေတ် ဒီအချိန်ထိ လက်သင့်ခံဖို့အတွက် ခက်ခဲစေပါတယ်။အာဏာရှင်စနစ်မျိုးကို အသားပေးလွန်းပြီး၊ သမ္မတနိုင်ငံစနစ်နဲ့ ဒီမိုကရေစီ စနစ်မျိုးကို အလေးမထားရာ ကျလွန်းတဲ့အမြင်တွေ ပါဝင်တာကြောင့် မော်ဒန်နိုင်ငံရေးအမြင်များနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားပါတယ်။ အာဏာရှင်အသားပေးကျမ်းမျိုး မဟုတ်ပေမယ့် အာဏာရှင်လက်သုံးလုပ်ထုံးကျမ်းတစ်စောင်လို ဖြစ်သွားပါတယ်။ ဒါကြောင့်လည်း နိုင်ငံရေးအတွေးအခေါ်လောကမှာ အဆိုးရွားဆုံး ကျမ်းတစ်စောင်အဖြစ် သတ်မှတ်ခံရပါတယ်။ဒါကလည်း လေ့လာသူအပေါ် မူတည်ပါသေးတယ်။ မတူညီတဲ့ ရှုထောင့်ကကြည့်တတ်ဖို့ ရည်ညွှန်းထားတဲ့ စာအုပ်ဖြစ်တာကြောင်လည်း နောင်းပိုင်းပညာရှင်တွေက ဦးသျှောင်လုပ်ထုံးကျမ်းကို အခြေခံပြီး သမ္မတနိုင်ငံစနစ်အတွက် အခြေခံသဘောတရားတွေကို တည်ဆောက်ဖော်ထုတ်ခဲ့ကြပါတယ်။
စာမျက်နှာ
152
ပုံစံ
Paperback
ထုတ်ဝေသူ
ပန်းဆက်လမ်း
ထုတ်ဝေသည့်နှစ်
2022
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
14.2 × 21 cm
ISBN
979-4-318-01201-5
ပစ္စည်းလက်ကျန်
ကုန်နေပါပြီ
အမျိုးအစား
သုတ၊ ရသ
အမျိုးအစားခွဲများ
သုတ၊ ရသ, ဘာသာပြန်ဝတ္ထုများ