
အဘိဓမ္မတ္ထသရူပမာလာကျမ်း
စာရေးသူ - ပွင့်လှသိမ်ကုန်းဆရာတော်
အကျဉ်းချုပ်
ဤကျမ်းကို ပုံနှိပ်ထုတ်ဝေရခြင်း၏ အကြောင်းကို အကျယ်တဝင့် ရေး သားရန် ရည်ရွယ်ချက်မရှိပါ၊ ချွဲထွင်ရေးရန်လည်း မလိုပါ၊ သိုသော် ဖြစ်ပေါ်လာကြောင်းကိုတော့ ပြန်ပြောင်း ပြောပြရ ပါမည်။ အချိန်မှာ လွန်ခဲ့သော ၁၃၂ ၅(၁၉၆၄)ခုနှစ် ဤစာ ရေးသူ “ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက”ဘွဲ့ယူပြီး၍ ရန်ကုန်မြို့ ပြည်ခရိုင်အသင်းကြီး၏ သီးခြားဂုဏ်ပြု ပူဇော်ပွဲ ကျင်းပပြီးချိန် ဖြစ်ပါသည်။ ပြည်ခရိုင်အသင်း _ ဥက္ကဋ္ဌဟောင်း ကျောင်းဒါယကာကြီး ဦးသာမြတ်က “ အရှင်ဘုရား ဆောင်ရွက်ဆဲ စာမေးပွဲ ပြီးသွား ပြီမို့ ယခင်ကပုံနှိပ်ထုတ်ဝေခြင်း မပြုရသေးသော အဘိဓမ္မတ္ထ သရူပ- မာလာကျမ်း ပုံနှိပ်ထုတ်ဝေရန် အရှင်ဘုရားတာဝန် ရောက်လာ ပါပြီ၊ အမြန်ဆောင်ရွက်တော်မူပါ” ဟု လျှောက်ထားပါသည်။ စစ်မီးဝင်တောက် ထ မမြောက်။ ။ဤကျမ်းကို လွန်ခဲ့သော နှစ်ပေါင်း ၃၀ - ကျော် ၁၃၀၀-ပြည့် နှစ် လောက်ကပင် ပုံနှိပ်ထုတ်ဝေရေးကိစ္စကို မိမိ၏ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးက တိုက်အုပ်, တိုက်ကြပ် ဘုန်းတော်ကြီး များအား အပြီးသတ် အမိန့်ချမှတ်ပြီး ဖြစ်ပါသည်။ သိုရာတွင် မမြှော်လင့်သော ဒုတိယကမ္ဘာစစ်မီး စနက်ကြောင့် မထွက်နိုင် တော့ဘဲ အစီအစဉ်ရုပ်သိမ်း၍ ချုပ်ငြိမ်းခဲ့ရပါသည်။
စာမျက်နှာ
1
ပုံစံ
Paperback
ထုတ်ဝေသူ
ကမ္ဘာအေး
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
20.5 × 13.8 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး, ဘာသာပြန်
တဂ်များ