
သဒ္ဒါကြီးအတတ်သင်သိပ္ပံကျမ်း (ဒုတိယတွဲ)
စာရေးသူ - ဘဒ္ဒန္တ ပညာနန္ဒာလင်္ကာရ
အကျဉ်းချုပ်
မိမိသည် ဤစာအုပ်များ ပျောက်ပျက်သွားမည်ကို အင်မတန်မှ စိုးရိမ်မိ၏။ သို့အတွက် မိမိ၏တပည့်များကို ကွန်ပျူတာဖြင့် ရိုက်နှိပ်စေပါ၏။ တပည့်များ ရိုက်နှိပ်ပြီးသမျှကို မိမိသည် မူရင်းကျမ်းများနှင့် တိုက်ဆိုင်၍ အကြိမ်ကြိမ် အခါခါ ဖတ်ရှုစိစစ်ရပါ၏။ သို့သော် အမှားအယွင်း ပါရှိမည်မှာ မလွဲပါ။ မိမိ၏ စာအုပ်အလား သည်းခံခွင့်လွှတ်၍ ဖတ်ရှုတော်မူ ကြရန် အနူးအညွတ် တောင်းပန်အပ်ပါသည်။ ကျမ်းညွှန်းများကိုလည်း မိမိလက်လှမ်းမှီသ၍ ထည့်ပေးထားပါသည်။ ရူပသိဒ္ဓိ, နိဒ္ဒေသ, နျာသ, ကစ္စာယနဝဏ္ဏနာ, ကစ္စာယနဝိဗောဓကဗျာကရဏ ကျမ်းများသည်ကားကစ္စည်းကျမ်းကို ဖွင့်သည့် ကျမ်းများဖြစ်သည့်အတွက် အထူးကျမ်းညွှန်းစရာ မလိုပါ။ ဆိုင်ရာဆိုင်ရာ သုတ်၌ ကြည့်ရှုရန် ဖြစ်ပါသည်။ အဖွင့်သီးခြားဖြစ်နေ ပါက ကျမ်းညွှန်းပြထားပါသည်။
စာမျက်နှာ
703
ပုံစံ
Paperback
ထုတ်ဝေသူ
လင်းသန့်စာပေ
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
27 × 19 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး