
ပညာဝိမုတ္တိနှင့် အနာဂါမ်ရေးတဲ့စာ
စာရေးသူ - အရှင်ကောဝိဒ.အနတ္တ
အကျဉ်းချုပ်
ဤစာအုပ်တွင်မပါရှိသေးသော အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့အကြောင်း ကို အရိုးရှင်းဆုံး ပြောပြချင်၍ ဤအမှာစာကို ရေးခြင်းဖြစ်ပါသည်။ နိဗ္ဗာန်အတွက် အရေးကြီးဆုံးသော ဤစကားသုံးခွန်းအပေါ်၌ ပုထုဇဉ်အပေါင်းတို့အနေဖြင့် မျက်စိ အလည်ဆုံး ဖြစ်ကြပါသည်။ ဤသုံးခွန်း၏ တကယ့်အနှစ်အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း အမိအရ ဆုပ်ကိုင်မိပြီ ဆိုလျှင်လည်း နိဗ္ဗာန်လက်တစ်ကမ်းမှာ ရောက်ပြီပေါ့။ စာရေးသူ အနေဖြင့် ဤသုံးခွန်း၏ အဓိပ္ပါယ်ကို ကလေးလူကြီးမရွေး နားရှင်းသွားစေရန် အလွယ်ဆုံးဥပမာပေး၍ အရိုးဆုံးစကားဖြင့် မည်သို့ ရှင်းပြရမည်ကို စဉ်းစားနေခိုက် တစ်ရက်မှာပင် ပျော်ဘွယ်မြို့မှ ဒကာမတစ်ဦး ဖြစ်သော “မနွယ်ရည်လင်း”ထံမှ ဖုန်းဝင်လာပါသည်။ ယခုကျွန်ုပ် သီတင်းသုံးနေသော မြို့ကြီးရွာ ဥယျာဉ်ကျောင်းသို့ လာရောက်ခွင့်ပြုပါရန်နှင့် တရားချီးမြှင့် ပေးပါ ရန် လျှောက်ထားခြင်းဖြစ်သည်။ လူများလျှင် ငြင်းတတ်မှန်းသိနေ၍ မိသားစုလေးယောက်သာ လာမည်ဆို၍ ရက်သတ်မှတ်ပေးခဲ့ပါသည်။ သူတို့ကိုဟောကြားပေးခဲ့သည့် တရားများအနက်မှ “အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရား” ကို အမေးအဖြေများဖြင့် မူရင်းအတိုင်းပြန်လည်ဖော်ပြပေးလိုက်ပါသည်။
စာမျက်နှာ
324
ပုံစံ
Paperback
ထုတ်ဝေသူ
KPAT BOOKS
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
4th Edition
စာအုပ်အရွယ်အစား
24.5 × 16 cm
ISBN
9789997108067
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး