
အသစ်မြင်မြန်မာသမိုင်း
စာရေးသူ - ဒေါက်တာသန်းထွန်း
အကျဉ်းချုပ်
ကျွန်တော်ရေးတဲ့ သမိုင်းဆောင်းပါးတွေကို ရေးတဲ့ရက်စွဲနဲ့ စီလိုက်ရ ပုဂံခေတ်၊ ကုန်းဘောင်ခေတ်နှောင်း၊ အဝခေတ်၊ အင်္ဂလိပ်ခေတ်၊ အကြိုသမိုင် ဆိုသလို အကျော်အနင်းတွေ ဖြစ်နေတယ်။ သမိုင်းရေစီးကြောင်းအတိုင်း မဟုတ်တော့ဘူးပေါ့။ ပြီးတော့ ဥပမာ၊ အဝခေတ် ကျောက်စာအကြောင်းရေးပြီး နောက်စာတမ်းတစ်စောင် ဖြည့်ရေးတယ်လို့ ကျွန်တော်က ပြောပြီး၊ မွန်ကျောက်စာ အကြောင်းရေးတယ်။ ကျွန်တော်က ဖြည့်တယ်လို့ ပြောမိပေမယ့်၊ တကယ်က နောက်ကဆက်တဲ့သဘော မဟုတ်ဘဲ ရှေ့ကဆက်တာမျိုး ဖြစ်နေတတ်တယ်။ အဲဒါမျိုးကို၊ အစီအစဉ်မရှိ အချိန်အဆမရှိ ဖြစ်ကတတ်ဆန်းပါကွာလို့၊ ကဲ့ရဲ့ ရင်လဲ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့ လုပ်လာတော့ ကိုယ့်စာကို ကိုယ်ပ မရှေ့ကို တိုးချဲ့လိုက် နောက်က နည်းနည်းဖြုတ်လိုက်၊ အလယ်မှာ တိုးလိုက်၊ အကုန် ပြန်ပေါင်းပြီး ပုံစံတစ်မျိုးချလိုက် ဆိုတာတွေ လုပ်မိပါတယ်။ အဲဒီအခါ ပိုကောင်းလာတယ်။ ပိုပြည့်စုံလာတယ်။ မနေမနား အလုပ်လုပ်တဲ့အခါ ဒီလိုပဲ အမှတ် မထင် ဖြစ်လာတယ်။ တစ်ခါတစ်ခါ စာအုပ်ကို ပုံနှိပ်ဆ ပုံနှိပ်ပြီးသားထဲက တချို့စာကို ပြင်ချင်လို့တောင် ပုံနှိပ်တိုက်နဲ့ ရန်ဖြစ်ရတာမျိုး ရှိပါသေးတယ်။
စာမျက်နှာ
341
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2020
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
20.8 × 13.3 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
မြန်မာ့သမိုင်း