
ကျွန်ုပ်တို့၏မြန်မာစာ
စာရေးသူ - မောင်ခင်မင် (ဓနုဖြူ)
အကျဉ်းချုပ်
ကျွန်တော်ရေးခဲ့ပါသည့် ထိုဆောင်းပါးများကို စာအုပ်အဖြစ် စုစည်းရန် စီစဉ်သောအခါ ဆောင်းပါးတစ်ပုဒ် ချင်းအလိုက် သီးသန့်ခေါင်းစဉ်များတပ်ပြီး ဖြည့်စွက်ရန် လိုအပ်သော အချက်များကိုလည်း ဖြည့်စွက်ရေးသားကာ ဖြစ်စဉ်ပေါ်အောင် စီစဉ်ပါသည်။ ထိုဆောင်းပါးများ ရေးသား ရာတွင် ကျွန်တော်ကိုးကားခဲ့သော စာအုပ်စာတမ်းများကို လည်း ကျမ်းကိုးစာရင်းတွင် ပြည့်ပြည့်စုံစုံ ဖော်ပြထားပါသည်။ ဆောင်းပါးများကိုမူ ဖြစ်စဉ်ပေါ်ရုံလောက်သာ ခပ်ကျဉ်းကျဉ်း ရေးသားခဲ့သည်။ ကျမ်းကိုးစာရင်းပါ စာအုပ်စာတမ်းများကို ဖတ်ရှုခြင်းအားဖြင့် မြန်မာစာခရီးကို မြင်ကွင်းကျယ်ကျယ် ချဲ့ထွင်ရှုမြင်နိုင်လိမ့်မည်ဟု သဘောရပါသည်။ ဤစာစုသည် ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့သော မြန်မာစာ၏ ဖြစ်စဉ်ကို အကျဉ်းမျှပုံဖော်ပေးနိုင်လိမ့်မည်ဟု လည်း ယူဆပါသည်။ မြန်မာစာ၏ အနာဂတ် အလားအလာ အတွက် ဆောင်ရွက်ဖွယ်ရာများကို လမ်းစဖော်ပေးနိုင်လိမ့် မည်ဟုလည်း မျှော်လင့်ပါသည်။ ဤစာစုကို စာအုပ်အဖြစ် ပုံဖော်ပေးသော ပုဂံစာအုပ်တိုက်ကို ကျေးဇူးတင်ပါသည်။
စာမျက်နှာ
159
ပုံစံ
Paperback
ထုတ်ဝေသူ
မြစ်ကွေ့စာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2017
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
20.2 × 13.1 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
မြန်မာစာပေ, သုတ