
လေနှင့် အတူ
စာရေးသူ - လူထုဦးလှ
အကျဉ်းချုပ်
မိတ်ဆက် ချို့လည်း မှတ်မိကြပါလိမ့်မည်။ ၁၉၅၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် ရန်ကုန်၊ မင်းမနိုင်ကွက်သစ်၌ ဖြစ်ပွားသော တဲအိမ်ဖျက် အဓိကရုဏ်းနှင့်ပတ်သက်၍ သတင်းမှားတစ်ရပ်ကို ထည့်သွင်းပုံနှိပ် ဖော်ပြသည်ဆိုကာ ထိုနှစ် သြဂုတ်လ ၇ ရက်နေ့က ကျွန်တော်တို့၏ လူထုသတင်းစာတိုက်ကို ချိပ်ပိတ်ပြီး ကျွန်တော့် အားလည်း အစိုးရတို့က ၁၉၅၀ ခု၊ အရေးပေါ်စီမံမှု ဥပဒေပုဒ်မ ၅ (ဃ) (င) အရ ဖမ်းပါသည်။ မြို့မမှ ထောင်ကြီးချုပ်သို့ မြို့မရဲဌာနတွင် တစ်ညဉ့်အိပ်ပြီးနောက် ကျွန်တော်၏ ရှေ့နေ ရှေ့ရပ်များဖြစ်ကြသော ဝတ်လုံကြီး မစ္စတာဘို့စ်၊ ဦးမြစိန်နှင့် အခြားမိတ်ဆွေရှေ့နေကြီးများက ကျွန်တော် အာမခံရရေးအတွက် ကြိုးပမ်းကြပါသည်။ အောက်ရုံးက မပေးပါ။ ထို့ကြောင့် ကျွန်တော့် အား မြို့မအချုပ်မှ မန္တလေးထောင်ကြီးသို့ ပြောင်းရွှေ့၍ ချုပ်နှောင် ထားကြပါသည်။
စာမျက်နှာ
278
ပုံစံ
Paperback
ထုတ်ဝေသူ
လူထုကြီးပွားရေးပုံနှိပ်တိုက်
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
4th Edition
စာအုပ်အရွယ်အစား
19 × 13 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သုတ၊ ရသ
အမျိုးအစားခွဲများ
သုတ၊ ရသ