
မြန်မာတို့ဆိုရိုး စကားပုံအမျိုးမျိုး
စာရေးသူ - ဦးခင်မောင်ကြီး(ရန်ကုန်တက္ကသိုလ်)
အကျဉ်းချုပ်
အသွားမတော် တစ်လှမ်း အစားမတော် တစ်လုတ်။ အရိပ် ၃ ပါးနားမလည် ချေသူငယ် ကျားစာဖြစ်။ သူများ ယောင်လို့ယောင် အမောင် တောင်မှန်းမြောက်မှန်းမသိ။ လုံ့လလည်းထူ မိုးလည်းကူ၊ နွားချေးလည်းချ ကံလည်းမ။ စကားပုံဆိုရိုးများ ပေါ်ပေါက်လာပုံကို လေ့လာကြည့်လျှင် တစ်ဦး တစ်ယောက် တစ်သင်းတစ်ဖွဲ့ကြောင့် လည်းကောင်း ဖန်တီးပေါ်ပေါက် လာရသည်သာ ဖြစ်သည်။ လူအများ ပြောဆိုရေးဖွဲ့သုံးစွဲမှု တွင်ကျယ် လာသည်နှင့်အမျှ ထိုစကားပုံဆိုရိုးသည် ကျယ်ပြန့်ခိုင်မာလာပါသည်။ ဘာသာစကားနှင့် စာပေတွင် စကားပုံများ, ဆိုရိုးများ အခိုင်အမာ နေရာယူထားသည်ကို လေ့လာ တွေ့ရှိနိုင်ပါသည်။ ယခုစာအုပ်တွင် စကားပုံဆိုရိုးများ၏အနက်အဓိပ္ပာယ်နှင့် နောက်ခံ အကြောင်းများကို ဖွင့်ဆိုရှင်းလင်းပြခြင်း လုပ်မထားနိုင်ပါ။ အက္ခရာစဉ် များအတိုင်းသာ အတတ်နိုင်ဆုံး စီစဉ်ထားပါသည်။ သို့သော်- အက္ခရာ ဝလိစဉ်ရာ၌ပင် ချွတ်ချော်မှုများ ပါရှိနေဦးမည်ကို သိပါသည်။ အက္ခရာ စဉ်တိုင်း၏နောက်၌ ကျန်ရှိနေသည့် စကားပုံဆိုရိုးများ ရှိပါက ရေးဖြည့် နိုင်ရန် စာမျက်နှာလွတ်များကို ထည့်ထားပါသည်။ မပါရှိသေးသော စကားပုံဆိုရိုးများကို အများအကျိုးအတွက် ပေးပို့ကြပါဟုလည်း မေတ္တာ ရပ်ခံလိုပါသည်။
စာမျက်နှာ
335
ပုံစံ
Paperback
ထုတ်ဝေသူ
ပန်းရွှေပြည်စာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
5th Edition
စာအုပ်အရွယ်အစား
19 × 13 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
စကားပုံ