
မြန်မာစာစကားဝိုင်း
စာရေးသူ - မောင်ခင်မင် (ဓနုဖြူ)
အကျဉ်းချုပ်
မြန်မာစာမြန်မာစကားဝိုင်း စာရေးသူ၏ အမှာစာ ကျွန်တော်သည် မြန်မာစကားအပြောအဆိုနှင့် မြန်မာစာအရေးအသား ဆိုင်ရာပြဿနာများကို အလျဉ်းသင့်တိုင်း ဆွေးနွေးဟောပြောပါသည်။ ဆောင်းပါးများ လည်းရေးသားပါသည်။ အထူးသဖြင့် ပတ်ဝန်းကျင်တွင် ကျွန်တော်သတိမူမိသော အပြောအဆိုအရေးအသား တိမ်းချော်မှုများကို လူငယ်များ သိစေမှတ်စေလိုသော ရည်ရွယ်ချက်ဖြင့် ဟောပြောရေးသားခြင်း ဖြစ်ပါသည်။ အပြောအဆို အရေးအသားပြဿနာများဆိုရာ၌ စာလုံးပေါင်းသတ်ပုံ၊ အသံထွက်၊ အသုံးအနှုန်း၊ ဝါကျဖွဲ့ပုံတို့တွင် တိမ်းချော် မှားယွင်းတတ်သော ပြဿနာများ ဖြစ်ပါသည်။ ထိုပြဿနာများကို သတိမူမိခြင်းဖြင့် မြန်မာစာအရေးအသား မှန်ကန်မှု၊ ရှင်းလင်းမှု၊ လိုရင်းရောက်မှု၊ လိုက်ဖက်ဆီလျော်မှုတို့အတွက် အထောက်အကူပြုမည် ဖြစ်ပါသည်။ မြန်မာ့အလင်းသတင်းစာက ကျွန်တော့်ကို စာမူတောင်းလာသောအခါ အဆိုပါပြဿနာများကို ပေါ့ပေါ့ပါးပါးဆွေးနွေးသည့် ဆောင်းပါးများကို အပတ်စဉ် ရေးဖြစ်ခဲ့ပါသည်။ ဆောင်းပါးအများစုမှာ စကားဝိုင်းဖွဲ့ပြီး မေးကြဖြေကြ ဆွေးနွေးကြ သည့်ပုံစံဖြင့် ရေးသားထားသော ဆောင်းပါးများ ဖြစ်ပါသည်။ ကျွန်တော်သည် မြန်မာစာအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်း ဆောင်လျက်ရှိပါသည်။
စာမျက်နှာ
188
ပုံစံ
Paperback
ထုတ်ဝေသူ
မြန်မာစာဌာန
ထုတ်ဝေသည့်နှစ်
2017
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
21 × 14.2 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
သုတ