
ရေကန်သာ ကြာတိုင်းအေး THE GLASS PALACE
စာရေးသူ - နေဝင်းမြင့်
အကျဉ်းချုပ်
The Glass Palace ဝတ္ထုကြီးကို သဘာဝပတ်ဝန်းကျင်ပညာရှင် ဆရာဂါ(ဦးဦးဂါ)က တစ်ရက် ကျွန်တော် နေထိုင်သည့် မန္တလေးမြို့ ကမ်းနားတိုက်ခန်းသို့ လာရောက်လည်ပတ်ရင်း ပေးခဲ့ခြင်းဖြစ်ပါသည်။ ထိုစဉ်က ဆရာကိုယ်တိုင် အိန္ဒိယနိုင်ငံမှ ပြန်ရောက်စဖြစ်၍ ဆရာကို လည်း အိန္ဒိယနိုင်ငံမှ အိန္ဒိယလူမျိုးမိတ်ဆွေတစ်ယောက်က လက်ဆောင်ပေးလိုက်ခြင်းဖြစ်သည်။ ၃၀၊ မ ၂၀၀၃ ရက်စွဲထိုးထားသော မစ္စတာယိုဂီး (ယောဂီ) ဆိုသူက ပေးထားကြောင်း ဆရာ့ စာအုပ်တစ်နေရာတွင် တွေ့ ရသည်။ ဆရာက ကျွန်တော်ကို ၂၁၊ ဇွန် ၂၀၀၄ တွင် ပေးခဲ့ခြင်း ဖြစ်၏။ စာအုပ်ကိုမဖတ်သေးဘဲ မျက်နှာဖုံးပေါ်က အညွှန်းကို ကျွန်တော် ဖတ်ကြည့်သည်။ 'မန္တလေးတွင် အစပြုခဲ့သည့် မျိုးဆက်သုံးဆက်၏ အံ့ချီးဖွယ်၊ ဆွတ်ပျံ့ဖွယ်၊ စွဲမက်ဖွယ်ဝတ္ထု ဤသို့ဖြင့် ပထမအခန်းကို ကျွန်တော် ဖတ်ဖြစ်ပါသည်။ အခန်းကြီး ၇ ခန်း ပါဝင်၍ အခန်းငယ် ၄၈ ခန်း ပါဝင်သော သည်စာအုပ်ကြီးထဲက ပထမအခန်း(မန္တလေး)ကို ဖတ်မိသည်မှ စ၍ ကျွန်တော် ဘာသာပြန်ချင်စိတ် ရှိခဲ့သည်။ တစ်ခန်းပြီးအောင် ပြန်ထားလိုက်သည်။
စာမျက်နှာ
661
ပုံစံ
Paperback
ထုတ်ဝေသူ
ဥဒယကျေးရွာစာပေ
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
6th Edition
စာအုပ်အရွယ်အစား
22.8 × 15.2 cm
ISBN
6922365884450
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာပြန်ဝတ္ထု
အမျိုးအစားခွဲများ
Classic