
ဗုဒ္ဓဝင်ရုပ်စုံ
စာရေးသူ - မင်းယုဝေ
အကျဉ်းချုပ်
ဗုဒ္ဓဘုရားရှင်၏ ဖွားတော်မူသော ခုနှစ်နှင့် ပရိနိဗ္ဗာန် စံလွန်တော်မူသော ခုနှစ်များကို ဖော်ပြကြရာတွင် မူကွဲများ ရှိပါသည်။ အချို့ပညာရှင်များက ဗုဒ္ဓ ဘုရားရှင်သည် ၆၂၃ ဘီစီတွင် ဖွားတော်မူ၍ ၅၄၃ ဘီစီတွင် ပရိနိဗ္ဗာန် စံလွန် မူသည်ဟု ဆိုကြပါသည်။ အချို့ပညာရှင်များကမူ ၅၆၃ ဘီစီတွင် ဖွားတော်မူ၍ ၄၈၃ ဘီစီတွင် ပရိနိဗ္ဗာန် စံတော်မူသည်ဟု ဆိုကြပါသည်။ အချို့ ပညာရှင်များ ကလည်း တစ်မူကွဲပြား ဆိုကြပါသည်။ ဤစာအုပ်တွင် ပထမအဆိုကို လက်ခံဖော်ပြ ထားပါသည်။ ဒီပဲယင်းဆရာတော်ဘုရားကြီး သီရိသဒ္ဓမ္မာဘိလင်္ကာရ၊ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး၊ လယ်တီဆရာတော်ဘုရားကြီး အမှူးပြုသော ဆရာတော်ကြီးများ၏ အဆိုအမိန့်နှင့် ညီညွတ်သောကြောင့် ဖြစ်ပါသည်။ ထို ဆရာတော်ဘုရားကြီးတို့က ဗုဒ္ဓဘုရားရှင်သည် မဟာသက္ကရာဇ် ၆၈ ခုနှစ်တွင် ဖွားမြင်၍ ၁၄၈ ခုတွင် ပရိနိဗ္ဗာန်စံလွန်တော်မူသည်ဟူ၍ ဆိုထားကြပါသည်။ ထိုအဆိုအမိန့်ကိုပင် ဤစာအုပ်တွင် လေးစားစွာ လက်ခံဖော်ပြပါသည်။ ဤစာအုပ် ထွက်ပေါ်လာရန် အဘက်ဘက်မှ ဝိုင်းဝန်းကူညီကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါသည်။
စာမျက်နှာ
136
ပုံစံ
Paperback
ထုတ်ဝေသူ
SEIKKU CHO CHO
ထုတ်ဝေသည့်နှစ်
2008
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
21 × 13.5 cm
ISBN
978-9-997-11525-6
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး