
စာဆိုတော်များအတ္ထုပ္ပတ္တိ
စာရေးသူ - ဗိုလ်မှုးဘသောင်း
အကျဉ်းချုပ်
တိုင်းပြည် ပြန်လည်အေးချမ်းစ ပြုလာချိန် အင်္ဂလိပ်သက္ကရာဇ် ၁၉၅ဝ ပြည့် နှစ်ဦးတွင် တပ်မတော်မှ အရေးပေါ် ပြန်တမ်းဝင်အရာရှိများ အလိုရှိကြောင်းဖြင့် ကြော်ငြာလိုက်သောအခါ တိုင်းရေး ပြည်မှုအတွက် စစ်ဘက်တွင် စိတ်ညွှတ်လျက် ရှိလာရသည်က တစ်ကြောင်း၊ မန္တလေးအရေးတော်ပုံတွင် လက်တွဲတိုက်ခိုက်ခဲ့ရသော စစ်ဘက်အရာရှိကြီးများ ကလည်း အားပေးတိုက်တွန်းကြပြန်သည်က တစ်ကြောင်း၊ ဤအကြောင်းများကြောင့် အရေးပေါ် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်ထားပါရန် လျှောက်ထားရာ အရယခု ဗထူးမြို့ စစ်တက္ကသိုလ်သို့ လက်ထောက် စာပေညွှန်ကြားရေးမှူးအဖြစ် ခန့်ထားခြင်း ခံရသော အခါ၌မူကား စာပေနှင့် ပြန်လည်နီးစပ်လာပြန်သည့်အလျောက် စစ်ရေးကိစ္စများကြောင့် တစ်ပိုင်းတစ်စ ဖြစ်ခဲ့ရပေသော မဟာဝိဇ္ဖာဘွဲ့ကို ရယူနိုင်ရန်အတွက် လည်းကောင်း၊ မြန်မာစာပေကို ကျေးဇူးဆပ်ပါရန် ဟူသော သန္နိဋ္ဌာန် ပြည့်မြောက်ရေးအတွက် စာဆိုတော်များ အတ္ထုပ္ပတ္တိကို ဆက်လက် ကြိုးပမ်းရန် လည်းကောင်း ကြိုက်ကြံ့ သင့်မြတ်လှပြီဟု ယူဆမိသဖြင့် ယခုကဲ့သို့ “စာဆိုတော်များ အတ္ထုပ္ပတ္တိ” ကို အပြီးအစီး ရေးသား ပြုစုလိုက်ရခြင်းပင် ဖြစ်ပါသည်။ ။ ဘသောင်း ဗထူးမြို့ သက္ကရာဇ် ၁၃၁၉ ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ ၁၃၊ ၅၊ ၁၉၅၇
စာမျက်နှာ
426
ပုံစံ
Paperback
ထုတ်ဝေသူ
ရာပြည့်စာပေ
ထုတ်ဝေသည့်နှစ်
2002
ထုတ်ဝေမူ
5th Edition
စာအုပ်အရွယ်အစား
24.5 × 18.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
အတ္ထုပ္ပတ္တိ