
ကကြီးခခွေး၊ မတတ်သေး၊ လူရေးညံ့တော့သည်
စာရေးသူ - ဒေါက်တာထွန်းတင့်
အကျဉ်းချုပ်
ဤကျမ်းငယ်တွင် ဦးစွာပထမ တင်ပြသောအကြောင်းမှာ မြန်မာဗျည်း အက္ခရာ ၃၃ လုံးအကြောင်း ဖြစ်ပါသည်။ မြန်မာဗျည်းအက္ခရာ “က” မှ “အ” အထိ ၃၃ လုံး အကြောင်းကို တစ်လုံးချင်း၏ အမည်မှစ၍ စုတ်ချက်မည်မျှ ရေးဆွဲရသည်အထိ အသေးစိတ်ဖော်ပြထားပါသည်။ ထို့နောက် ကကြီး၊ ခခွေး စသည်တို့သည် ဗျည်းအက္ခရာသက်သက်ဖြစ်လျှင် အသံလည်းမပြည့်မီ၊ အနက်လည်း မရှိသဖြင့် ကကြီး စသည်ကို အ သရနှင့်တွဲဖက်၍ “က” ၏ အနက်၊ “က” ၏ အဓိပ္ပာယ်တို့ကို ရှင်းပြထားပါသည်။ ထို့နောက် ပါဠိဘာသာဗျည်း ၃၃ လုံးနှင့် သရ ၈ လုံးအကြောင်း၊ ပါဠိဗျည်းများကို မြန်မာဗျည်းများဟု ထင်မှတ်မှားကြသည့်အကြောင်း တို့ကိုလည်း ရှင်းပြထားပါသည်။ ထို့ပြင် ကာရန် ၆၄ ပါး အကြောင်းကိုလည်း မိတ်ဆက်ထားပါသည်။ ကာရန် ၆၄ ပါးသည် မြန်မာဘိုးဘွားဘီဘင်တို့ အသုံးပြုခဲ့၊ အသုံးပြု နေကြသော အသံများဖြစ်သောကြောင့် သိမှတ်လေ့လာရန် အလွန်အရေးကြီး ပါသည်။ ကာရန် ၆၄ ပါးကိုသိလျှင် မြန်မာသရသံ ၅၁ သံ ရှိကြောင်းကိုလည်း သိနိုင်သဖြင့် တန်ဖိုးကြီးလှပါသည်။ “ကကြီးခခွေး၊ မတတ်သေး၊ လူရေး ညံ့တော့သည်” ပါသည်။ “ကကြီးခခွေး၊ ဆင်ခြင်တွေး၊ လူရေး ခံ့တော့မည်” ဟု ဆိုလိုက်ချင်ပါသည်။ ဒေါက်တာထွန်းတင့်
စာမျက်နှာ
139
ပုံစံ
Paperback
ထုတ်ဝေသူ
မြန်မာစာဌာန
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
22.6 × 15.1 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
သုတ