
ပုဂံ
စာရေးသူ - မင်းယုဝေ
အကျဉ်းချုပ်
ဤ “ပုဂံ” စာအုပ်၌ လက်လှမ်းမီရာ စာတို့ကိုရွေးချယ်ထည့် သွင်းရာတွင် သုတေသနစာမျိုးထက် ပြည်သူလူထုအဖို့ ရွှင်လန်းအား တက်မှုကို ဖြစ်စေနိုင်သော စာမျိုးကိုသာ အလေးပြု၍ ရွေးချယ်ထည့် သွင်းပါသည်။ စာရှုသူတို့သည် ဤစာတို့ကို ဖတ်ရှု၍ ရွှင်လန်းအား တက်ခြင်းဖြစ်ရာမှ နိုင်ငံတစ်ဝန်းလုံးကို ကိုယ်စားပြုသည့် ပုဂံကို ချစ်ခင် လေးစားသော စေတနာ၊ ပုဂံနှင့်စပ်၍ ပိုမိုသိအောင် အားထုတ်လိုသော ဆန္ဒတို့ ဖြစ်ပေါ်ရန်ရည်ရွယ်ပါသည်။ ဤ “ပုဂံ” ၌ ပါသော စာတို့သည် သူရိယ၊ ဂန္တလောက၊ သွေးသောက်၊ ရှုမဝ၊ တာရာ၊ မြဝတီ၊ ငွေတာရီ၊ ယဉ်ကျေးမှုစာစောင် စသည်တို့တွင်ပါရှိခဲ့သော စာများဖြစ်ရာ ထိုစာစောင်တို့ကို ကျေးဇူး တင်ကြောင်း ဖော်ပြပါသည်။ ထို့ပြင် မိမိတို့၏ စာများ၊ လက်ရာများကို “ပုဂံ” တွင် ထည့်သွင်းခွင့်ပြုသော သက်ဆိုင်ရာ ပုဂ္ဂိုလ်တို့ကိုလည်း ကျေးဇူးတင်ပါသည်။ အထူးသဖြင့် ဤ “ပုဂံ” စာအုပ်ကို စေတနာ အထူးထား၍ ထုတ်ဝေသော ပုဂံစာအုပ်တိုက်ကိုလည်း ကျေးဇူးတင် ကြောင်း ဖော်ပြအပ်ပါသည်။
စာမျက်နှာ
879
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2020
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
23 × 15.6 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
မြန်မာ့သမိုင်း