
သာသနသမ္မတ္တိ ဒီပနီ
စာရေးသူ - လယ်တီပဏ္ဍိတဦးမောင်ကြီး
အကျဉ်းချုပ်
ထိုသာသနသမ္ပတ္တိဒီပနီပါဠိကျမ်းကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆို လွယ်ကူစေရန် မြန်မာစကားပြင် သက်သက်ဖြင့် ရေးသားပါဟု နိုင်ငံခြား ဗုဒ္ဓသာသနာပြုအသင်း စက္ကရီတေရီ ဦးစံလင်းက တိုက်တွန်းနှိုးဆော် အပ်သည်ကို အကြောင်းပြု၍ ဆရာတော်ဘုရားကြီး ညွှန်ပြတော်မူအပ် သော ပါဠိတော် ကျမ်းဂန်ကြီးတို့ကို ကြည့်ရှုရှာဖွေပြီးလျှင် လယ်တီ ဆရာတော်ကြီး၏ တပည့်ရင်းဖြစ်သော လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး ကိုယ်တိုင် ဝိတ္ထာရနည်းဖြင့် ချဲ့ထွင်၍ မြန်မာပြန်ဆိုရလေသည်။ ဤသို့ ရတနာသုံးပါး ဂုဏ်ကျေးဇူးမှစ၍ ဗဟုသုတ များစွာစုံလင်သော ဤ သာသနသမ္ပတ္တိ ဒီပနီကျမ်းကို အစအဆုံး ကျေလည် ကောင်းမွန်စွာ ကြည့်ရှုပါလျှင် သာသနာတော်မြတ်၌ ယုံကြည်ခြင်းလည်း ရှေးကထက် ခိုင်မြဲတိုးတက်၍ ရတနာသုံးပါးဂုဏ်တို့ကို ကြည်ညိုခြင်း ပွားများပြီး လျှင် ထိုသို့မှန်ကန်ကောင်းမြတ်သော ဗုဒ္ဓဘာသာရိပ်ကို ခိုလှုံရခြင်း၏ အကျိုးကျေးဇူးတို့ကို အထူးသိမြင်၍ လာပေလိမ့်မည်။ ယင်းသို့သော သာသနသမ္ပတ္တိဒီပနီကျမ်းကို ကျွန်ုပ်တို့ ဟံသာဝတီတိုက်က တည်းဖြတ် သုတ်သင် ပြင်ဆင်၍ စက်တင် ပုံနှိပ်အပ်ပါကြောင်း။
စာမျက်နှာ
427
ပုံစံ
Paperback
ထုတ်ဝေသူ
ရာပြည့်စာပေ
ထုတ်ဝေသည့်နှစ်
2014
ထုတ်ဝေမူ
4th Edition
စာအုပ်အရွယ်အစား
21 × 13 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး