
ရွှေနပေရှာပုံတော် နှင့် ဘာသာစကားစာများ
စာရေးသူ - စောလူ
အကျဉ်းချုပ်
အချက် ၂ ချက်ကို ဝန်ခံစရာ လိုလာပါ သည်။ တစ်ချက်မှာ စာပါပညာရပ်နယ်ပယ်များနှင့်ဆိုင်သည့် စာရေးသူ၏အသိအကြောင်း ဖြစ်၍၊ နောက်တစ်ချက်မှာ နယ်ပယ်အလိုက် အကောင်အထည်ဖော်ရမည့် အလုပ် အကြောင်း ဖြစ်သည်။ “အသိ”ဆိုသည်မှာ ပညာရပ်နယ်ပယ် များဆိုင်ရာ ပြဿနာအထွေအထူးများ၊ ပြဿနာအဖြေများကို စာရေးသူ ကျွမ်းကျွမ်းကျင်ကျင်´ ကုန်ကုန်စင်စင် မသိခဲ့ မသိသေးခြင်းကို ဆိုလိုသည်။ “အလုပ်” ဆိုသည်မှာ စာပါ ပြဿနာအချို့နှင့်ပတ်သက်၍ အဖြေကို အကြံပြု နှိုးဆော် ထားနိုင်သလိုလို ရှိသော်လည်း ကိုယ်တိုင် ကာယကံမြောက် တက်တက်ကြွကြွ လှုပ်ရှားလုပ်ဆောင်နိုင်ခြင်း မရှိခဲ့မရှိသေး ခြင်းကို ဆိုလိုသည်။ သိသင့်သိအပ်သည့်ပမာဏနှင့် ယှဉ်လျှင် စာရေးသူ သိသလိုလို ရှိသည်မှာ မြူမှုန်မြူမွှားမျှသာ ဖြစ် သည်။ လုပ်သင့်လုပ်အပ်သည့်ပမာဏနှင့် ယှဉ်လျှင် စာရေး သူ လုပ်ဆောင်ဖူးသလို ရှိသည်မှာ လက်တစ်လှုပ် ခြေတစ်ကြွ မျှသာ ဖြစ်သည်။ စာရေးသူ မသိခဲ့သေးသည်ကို သိအောင်၊ စာရေးသူ မလုပ်ဆောင်ဖြစ်သည်ကို လုပ်ဆောင်ဖြစ်အောင် အားထုတ်မည့်သူ တစ်ဦးစ ၂ ဦးစမျှ ပေါ်လာလျှင် စာအုပ် ထုတ်ဝေရကျိုးနပ်ပြီဟု သဘောထားရတော့သည်။
စာမျက်နှာ
352
ပုံစံ
Paperback
ထုတ်ဝေသူ
ပန်းရွှေပြည်စာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2022
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
18.2 × 12.3 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
ဘာသာစကား