
ပဌာန်းပါဠိတော်
စာရေးသူ - ဥုးကျော်လင်း (ဓမ္မာစရိယ၊ ပါဠိပါရဂူ)
အကျဉ်းချုပ်
ပဌာန်း ၂၄-ပစ္စည်း မေတ္တာပွားနည်း၊ ပဌာန်းဆုတောင်း၊ အမျှဝေ နှင့် နတ်ပို့များပါဝင်သည်။ပဋ္ဌာန်းဒေသနာတော်သည် အလွန်တန်ခိုးကြီးလှ၏။ ကျွန်ုပ်တို့သည် ရှေးရှေးဘဝ ကုသိုလ်ကံကြောင့် လူ့ လောကဟူသော အလင်းဘဝကို ရလာပါလျက် ပေါ့ပေါ့ တန်တန်နေကြလျှင် လူဖြစ်ကျိုးနပ်ကြမည် မဟုတ်ပေ။ မြတ်စွာဘုရားရှင်သည် သတ္တဝါတို့ သုဂတိချမ်းသာ၊ နိဗ္ဗာန် ချမ်းသာရရေးအတွက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဆင်းရဲပေါင်းများစွာခံ၍ ပါရမီဖြည့်ခဲ့၏။ ဗုဒ္ဓဘာသာဝင်များ ဖြစ်သော ကျွန်ုပ်တို့သည် ဘုရားရှင်အား ကျေးဇူးဆပ်သော အနေဖြင့် ယခုဘဝ ချမ်းသာ၍ နောင်ဘဝအဆက်ဆက် ချမ်းသာဖို့ မြတ်ဘုရား ဟောကြားသည့် အဆင့်အမြင့်ဆုံး မဟာပဋ္ဌာန်းဒေသနာတော်ကို နေ့စဉ် ဝတ်ထား၍ (၄၅- မိနစ်၊ တစ်နာရီမျှ) ရွတ်ပွားနိုင်ကြမည် ဆိုလျှင် မြတ်ပဋ္ဌာန်း ၏ တန်ခိုးတော်ကြောင့် တွေ့ကြုံနေရသော အခက်အခဲ၊ တွေ့ကြုံရလတ္တံ့သော အခက်အခဲများကို အလွယ်တကူ ကျော်လွှားနိုင်၍ ကောင်းကျိုးလက်တွေ့ ခံစားရမည်မှာ ဧကန်ပင်ဖြစ်ပါသည်။ သဒ္ဓါ, ဝီရိယ ရှေ့ထား၍ ရွတ်ပွားပူဇော် နိုင်ကြပါစေ။
စာမျက်နှာ
112
ပုံစံ
Paperback
ထုတ်ဝေသူ
ကမ္ဘာအေး
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
18.5 × 12.2 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး