
စိတ်ခံစားမှု ကျန်းမာရေး Emotional Health
စာရေးသူ - အောက်စဖို့ဒ်ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ ဓမ္မစရိယ,DPhill(Oxford)
အကျဉ်းချုပ်
ဆဋ္ဌမအကြိမ်အတွက် စာရေးသူ၏အမှာစာ (Emotional Health) စာအုပ်ငယ်ကို ၂ဝ၁၅ ခုနှစ်၊ ဇွန်လမှာ ခမ်းလီစိန်ရွှေရတနာ ဆိုင်မိသားစုက ပထမဆုံးအကြိမ် လှူဒါန်းပုံနှိပ်ပါတယ်။ အဲဒီ ပထမမူ First Edition ကို ခမ်းလီမိသားစုရော၊ မဟာဗောဓိက ပါ ထပ်မံပုံနှိပ်ပါတယ်။ ၂၀၁၆ ခုနှစ်၊ မေလမှာမူရင်းကို အချိန် ရသလောက် အခန်းတိုင်းနီးနီး တိုးချဲ့ရှင်းလင်းပြီး ဒုတိယမူ Second Edition အဖြစ် ခမ်းလီမိသားစုကပဲ ထပ်မံ ပုံနှိပ်ပါ တယ်။ ထို့နောက်မကြာခင် ၂၀၁၆ ခုနှစ် ဇွန်လအတွင်းမှာ ဧရာဝတီဘဏ်နှင့် Max Myanmar Co., Ltd. မိသားစုတို့က နောက်ထပ် အခန်းသုံးခန်း ထပ်ဖြည့်ထားတဲ့ တတိယမူ Third Edition ကို ပုံနှိပ်လှူဒါန်းပါတယ်။ အခန်းသစ် အရှည်နှစ်ခု ထပ်ဖြည့်စွက်ထားတဲ့ စတုတ္ထမူ Fourth Edition ကို ခမ်းလီစိန်ရွှေရတနာ ဆိုင်မိသားစုမှ ထပ်မံပုံနှိပ် လှူဒါန်းပါတယ်။ ထိုမူများ၏ စာအုပ်မျက်နှာဖုံး ဒီဇိုင်းနှင့် ၎င်းဒီဇိုင်း၏အဓိပ္ပာယ် ရှင်းလင်းချက်များကို Brown University ကျောင်းသူ နန်းဟွမ်စန္ဒီ (ခမ်းလီ)က ရေးဆွဲတင်ပြ ကုသိုလ်ယူခဲ့ပါတယ်။ ဤဆဋ္ဌမအကြိမ်ပြင်ဆင်တည်းဖြတ်ရာတွင် ကရုဏာနှင့် မုဒိတာ အကြောင်း စုစုပေါင်း (၆)ခန်း ထပ်ဖြည့်ထားပါသည်။
စာမျက်နှာ
97
ပုံစံ
Paperback
ထုတ်ဝေသူ
BOOK STREET
ထုတ်ဝေသည့်နှစ်
2019
ထုတ်ဝေမူ
6th Edition
စာအုပ်အရွယ်အစား
21 × 14 cm
ISBN
978-9-997-10694-0
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး