
ဗုဒ္ဓ၏ဧတဒဂ်ရအမျိုးသမီးများ
စာရေးသူ - ဦးအောင်သိမ်းမြတ်
အကျဉ်းချုပ်
ယခု တတိယအုပ်မှာလည်း သိသမျှကို ကြိုးစားမျှဝေခြင်းသာ ဖြစ်ပါ၏။ တတ်လွန်း၍ကား မဟုတ်။ သိလွန်း၍ကားမဟုတ်ပါ။ ကြီးကျယ် သော ပညာရှင်များမှာ ကြီးကျယ်သော ကိစ္စရပ်များနှင့် မအားမလပ် ရှိနေ ကြပါသည်။ ထိုပညာရှင်များ၏ နောက်ပါးမှပါလာသူက တောက်တိုမယ်ရ အသေးအဖွဲ့များ ဝင်ရောက်လုပ်ကိုင်ပေးသည့်သဘောဖြစ်ပါသည်။ သို့ဖြစ်၍ မြန်မာအမျိုးသမီးများသည် သာသနာတော်၌ သာမန် ဘိက္ခုနီများသာ မဟုတ် “ဆိုင်ရာဂုဏ်ပုဒ်ရှိသူတို့တွင် အထူးမြတ်ဆုံးပုဂ္ဂိုလ်၊ ထိပ်ဆုံးပုဂ္ဂိုလ်”အဖြစ် ဧတဒဂ်ရရှိသူများလည်း ရှိခဲ့ပါသည်။ ထို့ပြင် အမျိုး သမီး ရဟန္တာများသာမဟုတ် လူဝတ်ကြောင် အမျိုးသမီး ဥပါသိကာ (ဥပါ သိကီ) များတွင်လည်း အံ့သြဖွယ်ရာ သဒ္ဓါတရားထက်သန်သောကြောင့် ဧတဒဂ်ရသူ၊ မြတ်စွာဘုရားအား မဖူးမြင်ရပါဘဲလျက် တစ်ဆင့်ကြားဖြင့် ကြည်ညိုကာ သောတာပန်တည်သဖြင့် ဧတဒဂ်ရသူ စသည်များကို ဖတ်ရှု မိပါက အသိတိုးပွားခြင်းတွင် ရပ်တန့်မနေပါ။ မြင့်မြတ်သော စိတ်ဓာတ် များပါ ဖြစ်ပေါ်လာနိုင်ပါသည်။
စာမျက်နှာ
218
ပုံစံ
Paperback
ထုတ်ဝေသူ
SEIKKU CHO CHO
ထုတ်ဝေသည့်နှစ်
2019
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
21.5 × 14.5 cm
ISBN
978-9-997-11960-5
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး