
ဘဝတိုတို
စာရေးသူ - သော်တာဆွေ
အကျဉ်းချုပ်
"ဘဝထိုထို" ဝတ္ထုတိုပေါင်းချုပ်သည် စာရေးသူ၏ ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို အခြေခံ၍ ရေးသားထားသော စာအုပ်ဖြစ်သည်။ ယင်းစာအုပ်တွင် စာရေးသူ မြင်းလှည်းသမားဘဝဖြင့် ကျင်လည်ခဲ့ရစဉ်က အဖြစ်အပျက်များ၊ ဂျပန်ခေတ် ကိုယ်တွေ့ဖြစ်ရပ်များနှင့် လူ့သဘာဝ၏ အနိမ့်အမြင့်၊ အတက်အဆင်းများကို ရိုးရှင်းစွာ ထုတ်ဖော်ပြသထားသည်။ အထူးသဖြင့် "ကြုံခဲ့ရသည်"၊ "ကျီးလန့်စာစား"၊ "လူလူချင်း ကိုက်စားနေကြပါသည်" စသည့် ဝတ္ထုတို (၉) ပုဒ် ပါဝင်ပြီး၊ လူ့လောက၏ ခေါင်းပုံဖြတ်မှုများ၊ မေတ္တာတရားနှင့် ဘဝတိုက်ပွဲများကို ဟာသနှောကာ လေးနက်သော လူ့သဘာဝ ရုပ်ပုံလွှာများအဖြစ် ပီပြင်စွာ ရေးဖွဲ့ထားသောကြောင့် ၁၉၆၁ ခုနှစ်တွင် စာပေဗိမာန်ဆု ရရှိခဲ့သည့် လက်ရာမွန်တစ်ခု ဖြစ်သည်။
စာမျက်နှာ
166
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2017
ထုတ်ဝေမူ
4th Edition
စာအုပ်အရွယ်အစား
20.5 × 13.3 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဝတ္ထု
အမျိုးအစားခွဲများ
စာပေဗိမာန်ဆုရစာအုပ်