
ဗုဒ္ဓဘာသာလက်စွဲ
စာရေးသူ - အရှင်ဇနကာဘိဝံသ
အကျဉ်းချုပ်
ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရတို့သည်ဗလငါးတန်ကို သန်စွမ်းဖွင့်ဖြိုးတိုးတက်အောင်အားထုတ်ရာ၌တိုင်းပြည်နှင့်လျော်ကန်သောစာရိတ္တဗလအခြေခံကို ရှာကြံ စဉ်းစားကြသည့်အခါ ဗုဒ္ဓမြတ်စွာ၏ သြဝါဒတော် များသာလျှင်အသင့်လျော်ဆုံးဟုသဘောရကြသည်ဖြစ်သောကြောင့်သြဝါဒါစရိယ ဆရာတော်လေးပါးကို ဦးထိပ်ထား၍လွှတ်တော်ချုပ်တရားဝန်ကြီးဦးသိန်းမောင်ကိုဥက္ကဋ္ဌတင်လျက် ဗုဒ္ဓဘာသာသင်ခန်းစာ စီစဉ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြလေသည်။သြဝါဒါစရိယ ဆရာတော်များနှင့် အဖွဲ့ဝင်ဒါယကာ တို့သည် အတန်းအလိုက် ကျမ်းစာများကို ပိုင်းခြား သတ်မှတ်ပြီးနောက် ဘုန်းကြီးအား သူငယ်တန်းမှ စတုတ္ထ တန်းအထိ မူလတန်းကျမ်းစာများကို ရေးသားစီစဉ်ရန် တာဝန် လွှဲအပ်ကြလေသည်၊ ထိုသို့ လွှဲအပ်သည်အားလျော် စွာထက်သန်သောစေတနာဖြင့် စီစဉ်ရေးသားကြောင်းကို ရေးသားပုံ အစီအစဉ်ကပင် သက်သေပြလျက် ရှိပါလိမ့်မည်၊သင်ပြပို့ချမည့်ဆရာတို့လည်း အသက်မွေးဝမ်းကြောင်းအလုပ်ဟုသာသဘောမထားဘဲ“အနာဂတ်ကာလ၌ ပြည်ထောင်စုမြန်မာနိုင်ငံတော်မှစာရိတ္တဗလပြည့်ဝစုံလင်သောသာကောင်း သမီးကောင်းများထွန်းကားစေရမည်”ဟူသောသမ္မာဆန္ဒဖြင့်မိမိတို့အတွက်ပညာပါရမီလည်းတစ်ပါတည်းရစေလျက်နှစ်သက်ကြည်နူးစွာသင်ပြပို့ချကြလိမကြလိမ့်မည်ဟုမျှော်လင့်သည်။
စာမျက်နှာ
296
ပုံစံ
Paperback
ထုတ်ဝေသူ
မဟာဂန္ဓာရုံကျောင်းတိုက်
ထုတ်ဝေသည့်နှစ်
2002
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
18.5 × 12 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး