
တက္ကသိုလ်လွမ်းချင်း
စာရေးသူ - မောင်ဝဏ္ဏ
အကျဉ်းချုပ်
ကျွန်တော်သည် တက္ကသိုလ်နှင့် ပတ်သက်သော ဝတ္ထု ကို ရေးချင်နေမိသည်မှာ ကြာပြီဖြစ်ပါ၏။ “ပန်းတွေနဲ့ဝေ” ဝတ္ထုကို ရေးစဉ်က တက္ကသိုလ်ဘဝကို ကျွန်တော် “အငှား ယူခံစား”ပြီး ရေးခဲ့ပါသည်။ အငှားယူ ခံစားသည်ဆိုခြင်း မှာ အပြည့်အဝ မမှန်ပါ။ ကျွန်တော့် နောင်တော့်နောင်တော် တက္ကသိုလ်ကျောင်းသားများထံမှ အတွေ့အကြုံ အသိ အမြင်များကို ကြားသိခဲ့ရခြင်း၌ ခံစား၍ ကျွန်တော့်အတွေ့ အကြုံနှင့် ရောထွေး၍ ရေးခဲ့ပါသည်။အမှန်အတိုင်း ဝန်ခံရလျှင် ကျွန်တော့် ဇာတ်ဆောင်များ သည် ကျွန်တော် မဟုတ်ပါ။ ကျွန်တော့်အတွေ့အကြုံ ခံစား ချက်များဖြင့် ဤဝတ္ထုကို ဖန်တီးခြင်းမဟုတ်ပါ။ သို့သော် ကျွန်တော့် ဇာတ်ဆောင်များကား တကယ်ရှိသော လူပုဂ္ဂိုလ် အချို့၏ စရိုက်များ စုပေါင်းထားခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် ဤဝတ္ထု၌ပါရှိသော ဇာတ်ဆောင်များ၏ အဖြစ်အပျက်နှင့် အပြင်တွင် တကယ်ရှိသောသူအချို့၏ အဖြစ်အပျက်တို့ တူညီနေပါက… ထိုသူတို့ကိုပင် ရည်ညွှန်းပါကြောင်း အစီရင်ခံပါသည်။
စာမျက်နှာ
278
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2020
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
19 × 13 cm
ISBN
978-9-997-13052-5
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဝတ္ထု
အမျိုးအစားခွဲများ
ဝတ္ထု